အချစ်ရေးကိစ္စမှာ အရေးတကြီး သိထားရမယ့် အချက်များ

flirt_6_0.jpg

လူငယ်တွေဟာ စိတ်ကူးယဉ်ဆန်တာ၊ အကြင်နာအယုအယ၊ ဂရုစိုက်မှု၊ အပြောင်းအလဲတွေ မျှော်လင့်ကြပြီး မကြာခဏဆိုသလို အဓိပ္ပါယ်မရှိတာတွေအတွက်လည်း အလေးပေးတတ်ကြပါတယ်။ ဆယ်ကျော်သက်တွေအနေနဲ့ မြန်မြန် အရွယ်ရောက်လိုပြီး လောကကို စူးစမ်းချင်ကြတယ်၊ ကိုယ့်အကြောင်းရော၊ တပါးသူအကြောင်းတွေပါ လေ့လာသိရှိလိုကြပါတယ်၊ ဘာမဆို စမ်းသပ်ဖို့ ဆန္ဒပြင်းပြကြပါတယ်။ အဲဒီချိန်ဟာ ရင့်ကျက်တဲ့ လူယောက်ဖြစ်လာဖို့ စိတ်ဓာတ်တွေ စုစည်းနေတဲ့ အချိန်ဖြစ်ပါတယ်။

ငယ်ရွယ်စဉ် အချစ်က ထိန်းမရ၊ မေ့နိုင်စရာလည်းမရှိ ဖြစ်လေ့ရှိပြီး တစ်သက်လုံး ပါသွားမယ့်  စိတ်ဒဏ်ရာ အမာရွတ်တွေ မကြာခဏ ကျန်ရစ်စေတတ်ပါတယ်။ သင်ဟာ ခု ကျွန်တော်ပြောတဲ့ အသက်အရွယ်ပဲဆိုရင်တော့ အောက်ပါအရေးကြီးအချက်တွေကို သိထားသင့်ပါတယ်။

·         အချစ်ဆိုတာ အတိအကျတိုင်းတာလို့ မရပါဘူး။ အဓိကအရေးကြီးတာက အချင်းချင်းလေးစားတတ်ဖို့ ဖြစ်ပါတယ်။ တစ်ဦးက အင်အားပိုကြီးပြီး နောက်တစ်ဦးက ပိုပျော့ညံ့နေနိုင်ပေမယ့် နှစ်ဦးအတူ ကောင်းမွန်၊ လိုက်ဖက်တဲ့ စုံတွဲဘဝ ရရှိပိုင်ဆိုင်နိုင်ပါတယ်။

·         ချစ်တင်းနှောခြင်းက စိတ်ခံစားချက်တွေရဲ့ ပြယုဂ်တစ်ခု မဟုတ်ပါဘူး။ အကောင်းဆုံးအနေအထားသို့ တွန်းပို့ပေးမှာ မဟုတ်ပါဘူး။ အဲဒီစိတ်က အချိန်ကာလနဲ့အတူ ပျောက်ကွယ်ပြီး ချစ်ခြင်းမေတ္တာ ပိုမိုခိုင်မာလာပါလိမ့်မယ်။

·         လူတစ်ယောက်ကို ချစ်တယ်ဆိုတာ လေးစား အသိအမှတ်ပြုတာ၊ ပျော့ကွက်တွေ၊ အားသာချက်တွေ လက်ခံပေးတာ၊ သူ့ကို ပျော်နေစေချင်တဲ့ စိတ်ပဲဖြစ်ပါတယ်။

·         လက်တွဲဖော် စုံတွဲတွေမှာ စိတ်နေသဘောထား၊ ပညာရေး၊ စိတ်ဆန္ဒ၊ စိတ်ခံစားချက်နဲ့ အတွေးအခေါ်တွေ ကွဲပြားကြတာမို့ သဘောထားချင်း မတိုက်ဆိုင်မှုတွေက ပုံမှန်ဖြစ်နေကျအရာပဲ  ဖြစ်ပါတယ်။

·         လက်တွဲဖော်ကို အတင်းစွဲထားပြီး ဆက်သွယ်မှုကို ပြန်လည်ထိန်းသိမ်းဖို့ မကြိုးစားပါနဲ့။ တစ်ယောက်သောသူ ထွက်သွားချင်ရင် သွားခွင့်ပြုလိုက်ပါ။  သူ ကြည်နူးစရာ အချစ်ဇာတ်လမ်းသစ် စတင်ပြီး အောင်မြင်မှုဆီ သူဘာသာ သွားပါစေ။ 

Ref: Finelivingadvice 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.