ဒီပုံကို ဘယ်လိုမြင်ပါသလဲ

circle.jpg
ဒီပုံကို သေချာကြည့်ပါ။ စက်ဝိုင်းပုံလား။ စက်ဝိုင်းမဟုတ်ဘူးလား ။ ဒီပုံက စိတ်ပညာကို လေ့လာရာမှာ အသုံးပြုတဲ့ပုံဖြစ်ပြီး ဒီမေးခွန်းအတွက် မှန်တဲ့အဖြေ၊ မှားတဲ့အဖြေဆိုတာ မရှိပါဘူး။ ဒါပေမဲ့ သင်မြင်တဲ့ ပုံစံက သင့်ရဲ့ တွေးခေါ်ပုံတချို့ကို ထင်ဟပ်စေနိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။
 
ဒီပုံနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ လက်ခံထားတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။ သင်က ဒီပုံကို စက်ဝိုင်းတစ်ခုလို့မြင်ရင် သင်က လွတ်လပ်တဲ့ သဘောထားရှိသူ၊ အတွေးအခေါ်အသစ်တွေကို လက်ခံနိုင်စွမ်းရှိသူ သဘောထားကြီးသူတစ်ယောက်ဖြစ်ပါတယ်။ အများအတွက် စဉ်းစားလုပ်ဆောင်တတ်ပြီး လိင်တူလက်ထပ်တာကို မကန့်ကွက်သလို အပန်းပြေဖို့ ရည်ရွယ်တဲ့ ဘီယာချက်စက်ရုံတွေ ဖွင့်ဖို့လက်ခံပေးနိုင်တာ ၊ ကျန်းမာရေးအတွက် လိင်ပညာပေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ပေးသင့်တယ်ဆိုတာမျိုး၊ HIV/AIDS ဝေဒနာရှင်တွေကို ကူညီပေးလိုတာမျိုးတွေကို စိတ်ဝင်စားတဲ့သူတွေ ဖြစ်ပါတယ်။
 
ဝိုင်းစက်နေတဲ့ ပုံစံမရှိတဲ့အတွက် စက်ဝိုင်းလို့မသတ်မှတ်တဲ့သူတွေကတော့ ရှေးရိုးဆန်ပြီး အစွဲထားတတ်သူတွေ ဖြစ်ပါတယ်။ ကိစ္စတော်တော်များများမှာ စာအုပ်ကြီးအတိုင်း အလျော့အတင်း မရှိ လုပ်တတ်တဲ့ သူတွေဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ကို ဦးစားပေးတတ်သူတွေ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့၊ အခွန်အကောက်ကိစ္စတွေရဲ့ ပြဿနာတွေလို ကိစ္စတွေမှာ စိတ်ဝင်စားတဲ့သူတွေ ဖြစ်ပါတယ်။
 
ဒီလေ့လာမှုကို လစ်ဗာပူးတက္ကသိုလ်က Dr Ben Ambridge ဦးဆောင်တဲ့ သုတေသနအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး တွေ့ရှိမှုတွေကို ကိုယ်ရည်ကိုယ်သွေးနဲ့ လူမှုစိတ်ပညာဂျာနယ် Journal of Personality and Social Psychology မှာဖော်ပြခဲ့ပါတယ်။
 
Ref:womansown.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.