လေ့ကျင့်ခန်းဆင်းရင်း မတော်တဆဖြစ်မှုကြောင့် နှင်းလျှောစီးအိုလံပစ်ချန်ပီယံ လင်ဆေးဗွန်း ဆေးရုံတင်လိုက်ရ

news_c2.jpg

လက်ရှိကမ္ဘာ့အဆင့်(၁)ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်၏ ချစ်သူ အမေရိကန် နှင်းလျှောစီးချန်ပီယံလင်ဆေးဗွန်း မှာ ဖေဖော်ဝါရီလအတွင်း ရုရှားနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက်  လေ့ကျင့် နေရင်း ပြီးခဲ့သည့် အင်္ဂါနေ့က ကော်လိုရာဒိုပြည်နယ် နှင်းလျှောစီးစခန်းတစ်ခုတွင် မတော်တဆဒဏ်ရာရရှိမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ (၂၉)နှစ်အရွယ် လင်ဆေးဗွန်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက သြစတြီးယား နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒူးအရွတ်ကြောဒဏ်ရာရခဲ့မှုကြောင့် ကုသနေခဲ့ရပြီး ယခုလ ပိုင်းမှ ပြန်လည်ထူထောင်ရေးများ ပြန်လည်လုပ်ဆောင်လာနိုင်ရာမှ ယခုကဲ့သို့ မတော်တဆဖြစ်သွားခဲ့ရသည်။ ယခုထိခိုက်ခဲ့မှုကြောင့် ယခင်ဒဏ်ရာပြန်ရသွားခဲ့ခြင်းဟုတ်မဟုတ်ကိုမူ အတိအကျမသိရသေးဘဲ အမေရိကန် နှင်းလျှောစီးအဖွဲ့ခေါင်းဆောင်တွမ်ကယ်လီက “ အခုချိန်မှာ ဘာကိုမှသေသေချာချာမပြောနိုင်သေးပါဘူး။ အို လံပစ်ပွဲနဲ့ မလွဲဖို့ပဲ ဆုတောင်းကြရတော့မှာပါ”ဟု မှတ်ချက်ပြုခဲ့သည်။

လင်ဆေးဗွန်းမှာ ၂၀၁၀ ဆောင်းရာသီအိုလံပစ်၏ Downhill ပြိုင်ပွဲမှ ရွေတံဆိပ်ရရှိခဲ့ပြီးချိန်မှစကာ နှင်းလျှောစီး လောကတွင် ထင်ရှားလာခဲ့သူဖြစ်ပြီး ၂၀၀၅ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲများမှ ရွှေ(၂)ခုရရှိ ထားခဲ့သည်။ အဆိုပါစွမ်းဆောင်နိုင်မှုများကြောင့်ပင် ၂၀၁၀ပြည့်နှစ်၏ အားကစားဆိုင်ရာထူးချွန်ဆုဖြစ်သော  Laureus World Sports Award ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့သူဖြစ်သည်။ ယခုနှစ်တွင် ဒဏ်ရာမှသက် သာလာခဲ့ပြီးနောက် ရုရှားအိုလံပစ်တွင် အောင်မြင်မှုများရယူနိုင်ရန် ပြင်ဆင်နေချိန်မှ ဒဏ်ရာရခဲ့ခြင်းမှာ ကံဆိုး မှုတစ်ရပ်ပင်ဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.