၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် Emirates လေကြောင်းလိုင်း ဂုဏ်ပြုခံရ

1468419901822.jpg

Skytrax မှ ပြုလုပ်တဲ့ လေကြောင်းခရီးသည် သန်းနဲ့ချီထံ စစ်တမ်းကောက်ယူချက်အရ ၂၀၁၆ အတွက် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းက Emirates ဖြစ်တယ်လို့ သိရပါတယ်။ ဒူဘိုင်းအခြေစိုက် ဒီနိုင်ငံတကာလေကြောင်းလိုင်းဟာ အင်္ဂလန်နိုင်ငံ Farnborough နိုင်ငံတကာလေကြောင်းပြပွဲက Skytrax World Airline Awards အခမ်းအနားမှာ ထိပ်တန်းဂုဏ်ပြုမှုတွေ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပါတယ်။

Farnborough လေယာဉ်ကွင်းဆီက ဂျက်လေယာဉ်အင်ဂျင်စက်တွေ စီစီညံပွက်လောရိုက်ပြီး လာရောက်လေ့လာနေတဲ့ လေယာဉ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ ထောင်သောင်းချီတွေ လေကြောင်းပြပွဲကို  စူးစမ်းလေ့လာနေကြစဉ်  အရောင်အသွေးတောက်ပတဲ့ ဆင်တူဝတ်စုံလေးတွေနဲ့ လေယာဉ်မယ်လေးတွေ ဆုတစ်ခုချင်းစီကြေငြာတာနဲ့ စင်မြင့်ဆီ တက်လှမ်းလာခဲ့ကြပါတယ်။

"ယင်းစစ်တမ်းက ကမ္ဘာ့ထိပ်တန်းလေကြောင်းလိုင်းကုမ္ပဏီတွေကြား အဆင့်အတန်းရှိဝန်ဆောင်မှုပေးခြင်းကို အမြဲမပြတ်ဆောင်ရွက်ဖို့ မီးမောင်းထိုးပေးနေတယ်" လို့ Skytrax စီအီးအို Edward Plaisted က ပြောဆိုခဲ့ပါတယ်။

"အရှေ့အလယ်ပိုင်းလေကြောင်းတွေဟာ ဆက်လက်ထင်ရှားနေတယ်။ Virgin America က North America က customer တွေကို ဆက်လက်လွှမ်းမိုးထားတယ်။ တူရကီလေကြောင်းလိုင်းတွေက လူကြိုက်များကြောင်း" Plaisted က အခမ်းအနားအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ပေးအပ်ချီးမြင့်တဲ့ ဆုတွေကို အမျိုးအစား ၇၃ မျိုးအထိ ခွဲခြားသတ်မှတ်ထားကြောင်း သိရပါတယ်။

ထိပ်တန်းအကောင်းဆုံးလေကြောင်းလိုင်း ၁၀ ခု ကတော့…

1. Emirates
2. Qatar Airways 
3. Singapore Airlines
4. Cathay Pacific
5. ANA All Nippon Airways
6. Etihad Airways
7. Turkish Airlines
8. EVA Air
9. Qantas Airways
10. Lufthansa တို့ ဖြစ်ပါတယ်။ 

Ref: CNN 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.