အင်္ဂါနေ့ည အိပ်စက်ခြင်းက အကောင်းဆုံးဖြစ်

74c87a7126c17a413b7dfe00e0bb5288.jpg
လူတွေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး အားသစ်ပြန်ဖြစ်အောင် ပြုလုပ်ပေးနိုင်တဲ့ ညက စနေ၊တနင်္ဂနွေဆိုတဲ့ အားလပ်ရက်တွေ မဟုတ်ဘဲ အင်္ဂါနေ့ညဖြစ်ပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။ အင်္ဂလန်နိုင်ငံက အမျိုးသား၊ အမျိုးသမီး ၅၀၀ စီရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့် လေ့လာရာမှာ အင်္ဂါနေ့ညဟာ အိပ်စက်ချိန်အများဆုံး မဟုတ်ပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အင်အားတွေကို ရရှိစေတဲ့ ညဖြစ်ပါတယ်။
 
ဒီကောက်ချက်အတွက် ကျိုးကြောင်းညီညွတ်တဲ့ အကြောင်းပြချက် ကတော့ အင်္ဂါနေ့ညက ပိတ်ရက်တစ်ရက် မဟုတ်တဲ့အတွက် အရက်တွေ၊ စိတ်အလိုလိုက်ပြီး စားသောက်တာတွေ၊ အပျော်လွန်နေတာတွေမရှိတဲ့ အတွက် အိပ်စက်ချိန်ကို အနှောင့်အယှက် မပြုတာကြောင့် အများဆုံး ဖြစ်နိုင်ပါတယ်။ ပညာရှင်တွေက ရက်သတ္တပတ်အတွင်းကနေ့ရက်တိုင်းမှာ  နှလုံးမှာ စောင့်ကြည့်ကင်မရာ တပ်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်း၊ အိပ်စက်ချိန်၊ အိပ်ပျော်တဲ့ အခြေအနေ၊ သွေးဖိအား၊ စိတ်ဖိစီးမှု စတာတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
 
လူတွေက ပိတ်ရက်တွေမှာ အိပ်စက်ချိန်ပိုများပေမဲ့ ခန္ဓာကိုယ်ရဲ့ပြန်လည်ကုသချိန်အတွက် ပေးနိုင်တဲ့ အချိန်ပိုနည်းတာကြောင့် အရည်အသွေးကောင်းမွန်တဲ့ အိပ်စက်ခြင်းလို့ ဆိုလို့မရပါဘူး။ ပြန်လည်ကုသချိန် ဆိုတာ သွေးပေါင်ချိန်ပုံမှန်ဖြစ်တာ၊ စိတ်ဖိစီးမှု ဟော်မုန်းတွေလျော့နည်းသွားတာတွေနဲ့ ဆုံးဖြတ်နိုင်ပြီး အားသစ်ပြန်လောင်းတဲ့ လုပ်ငန်းစဉ်ကို အထောက်အကူပြုတဲ့ အချိန်ဖြစ်ပါတယ်။ စနေနေ့ည အိပ်စက်မှုတွေရဲ့ ၄၈%နဲ့ သောကြာနေ့ည အိပ်စက်မှုတွေရဲ့ ၄၈.၇%ကသာ အားသစ်ပြန်ဖြစ်စေနိုင်ပေမဲ့ အင်္ဂါနေ့ည အိပ်စက်မှုရဲ့ ၅၅.၁%က အကောင်းဆုံး အရည်အသွေးရှိတဲ့ အိပ်စက်မှုညတွေဖြစ်ပါတယ်။ 
 
အနားယူတာနဲ့ အားသစ်ပြန်ပြည့်စေတာက မတူပါဘူး။ ပိတ်ရက်တွေမှာ အနားယူတယ်လို့ဆိုပေမဲ့ လူတွေက ရုံး၊ကျောင်းတွေကသာ အနားယူခြင်းဖြစ်ပြီး ကိုယ်သွားလိုတဲ့နေရာတွေသွား၊ စားလိုရာတွေ စားနေတာဖြစ်တဲ့ အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မနည်းအရ အနားယူပြီး အားသစ်ပြန်လောင်းနိုင်တဲ့ အခြေအနေမရှိဖြစ်တာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
 
Ref:news
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.