ဆေးခြောက်သောက်သုံးခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်

smoke_weed_everyday-800x400.jpg
သုတေသီ အဖွဲ့တစ်ဖွဲ့ရဲ့  လေ့လာမှု အသစ်တစ်ခုအရ ဆေးခြောက်နဲ့ အယ်လ်ဇိုင်းမားရောဂါကြားမှာ ကောင်းမွန်တဲ့ ဆက်နွယ်နေမှုတွေရှိတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ ဓါတ်ခွဲခန်းလေ့လာမှု အရတော့ ဆေးခြောက်မှာပါဝင်တဲ့ THC ဓါတ်ပေါင်းဟာ ဦးနှောက်ဆဲလ်တွေမှာရှိနေပြီး အဆိပ်တောက်ဖြစ်စေနိုင်တဲ့ Beta-Amyloid ဆိုတဲ့ ဓါတုပစ္စည်းတစ်မျိုးကို ဖယ်ရှားလိုက်ပြီး ဦးနှောက်ရဲ့  ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။
 
Amyloid ဆိုတဲ့ ဓါတုပစ္စည်းဟာ အယ်လ်ဇိုင်းမား ရောဂါသည်တွေရဲ့  ဦးနှောက်အတွင်းမှာ တွေ့ရလေ့ရှိပြီး အဲဒီ ဓါတုပစ္စည်းဟာ အာရုံကြော တွေကို ဖျက်ဆီးပစ်လိုက်ခြင်းနဲ့ မှတ်ဥာဏ်တွေကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဦးနှောက်ရောင်ရမ်းမှုကတော့ အယ်လ်ဇိုင်းမား ရောဂါ ရဲ့  အခြေခံ လက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။လူတွေရဲ့  ဦးနှောက်ထဲမှာလည်း THC နဲ့ဆင်တူပြီး Endocannabinoids ဆိုတဲ့ ဆဲလ် တစ်ချို့ဟာ သဘာဝ အတိုင်းတည်ရှိနေပြီးသားပါ။ သိပ္ပံပညာရှင်တွေ ယုံကြည်ထားတာကတော့ ဦးနှောက် ရောင်ရမ်းခြင်းနဲ့ မှတ်ဥာဏ်ဆုံးရှုံးမှုတွေ မဖြစ်ဖို့ အဲဒီ ဆဲလ်တွေက ကာကွယ်ပေးနိုင်တယ်ဆိုတာပါပဲ။
 
နောက်ထပ် စမ်းသပ်မှုတွေ လိုအပ်နေသေးပေမယ့် လက်ရှိ တွေ့ရှိချက်တွေအရတော့ ကျန်းမာရေးကို ကောင်းကျိုး များစွာ ပြုပေးနိုင်တဲ့ ဆေးခြောက်ရဲ့  THC ဓါတ်ပေါင်းတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ဖို့ ကူညီပေးနိုင်တယ်ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။  အမေရိကန် နိုင်ငံသား ၅.၁ သန်းခန့်ဟာ အယ်လ်ဇိုင်းမား ရောဂါကို ခံစားနေရပြီး ကုသ နိုင်မယ့် ဆေး ကို မတွေ့ရှိကြသေးပါဘူး။ 
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.