တက်တူးထိုးတော့မယ်ဆိုရင် သိထားသင့်တဲ့ တက်တူး စည်းမျဉ်းစည်းကမ်း ( ၁၀ ) ချက်

new_tat.jpg
တက်တူး ဆိုတာဟာ အလေးအမြတ်ထား သင့်တဲ့ အရာ ဖြစ်ပါတယ်။ တက်တူးတွေဟာ ထူးခြားပါတယ်။ တက်တူးတွေဟာ စိတ်ဝိဥာဉ်ရဲ့  ပြတင်းပေါက် တစ်ချပ်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ သင့်ခန္ဓာကိုယ်ပေါ်က ပန်းချီကားတွေပါ။ သင့်ခန္ဓာကိုယ်ဟာ ပန်းချီ ပြခန်းတစ်ခုလိုပဲ သင့်စိတ်ကြိုက် အလှဆင်နိုင်ပါတယ်။ ဒါပေမယ့်လည်း တက်တူးထိုးခြင်းကနေ ဘ၀ တစ်သက်စာအတွက် နောင်တ တွေ မကျန်ခဲ့စေဖို့ကတော့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ တက်တူးဆိုတာဟာ အလေးအမြတ်ထားသင့်တဲ့အရာပါ။ တက်တူးထိုးခြင်းနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မှ တက်တူးတွေကို အလေးအမြတ်ထား ရာရောက်ပါလိမ့်မယ်။ အဲဒီစည်းကမ်းတွေကတော့ –
 
၁။ တက်တူးတွေဟာ သေရာပါမယ့် အသားပန်းချီ ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။
တက်တူးဆိုတာဟာ ဖျက်လို့မရပါဘူး။ လေဆာနဲ့ ဖျက်မယ်ဆိုရင်တောင် အမာရွတ်ကျန်နေတတ်ပါတယ်။
 
၂။ မူးယစ်ထုံထိုင်းနေချိန်တွေမှာ တက်တူးမထိုးပါနဲ့။
တက်တူးထိုးတဲ့အချိန် သွေးကြောထဲမှာ ယမကာလိုမျိုး မူးယစ်စေတဲ့အရာ တွေရှိနေရင် သင်ဟာ ထင်ထားတက်ထက် များစွာ ပိုပြီး သွေးထွက်နိုင်ပါတယ်။
 
၃။ တရားဝင် ဖွင့်လှစ်ထားတဲ့ တက်တူးဆိုင်တွေမှာ သာ သွားရောက် ရေးခြယ်ပါ။
တရားမ၀င် တက်တူးဆိုင်ရယ် လို့ မရှိပေမယ့် ကိုယ့်ဘက်တက်တူးဆရာရဲ့  လက်ရာကို ကြိုတင်လေ့လာထားခြင်း မရှိပဲ မထိုးပါနဲ့။
 
၎။ တက်တူးထိုးတဲ့အခါမှာ အပ် တွေများစွာ သုံးရတာကို သတိပြုမိပါစေ။
တစ်ချို့က အပ်ကြောက် တတ်တဲ့ ရောဂါ ရှိကြပါတယ်။ ဆေးခန်းမှာ ဆေးသွားထိုးရမှာကို ကြောက်တတ်တာမျိုးပဲ ဖြစ်ဖြစ် ၊ နာကျင်မှာကို ကြောက်လန့်တာမျိုးပဲ ဖြစ်ဖြစ် အပ်ကို ကြောက်နေရင်တော့ တက်တူးထိုးဖို့ မဖြစ်နိုင်ပါဘူး။
 
၅။ ကိုယ့်အရေပြားကို ထိန်းသိမ်းတတ်ပါစေ။
သင်ဟာ ပိုက်ဆံအကုန်ခံပြီး တက်တူး ပုံကောင်းကောင်းလေး တစ်ပုံ သွားထိုးလာတယ်။ အဲဒါဆိုလည်း တက်တူးထိုးပြီးတဲ့အခါမှာ အဲဒီ တက်တူးကို ထိန်းသိမ်းပါ။ သင့်အရေပြားကို သင်တန်ဖိုးမထားပဲ ဖြစ်သလို ထားမယ်ဆိုရင် တက်တူးပုံဟာ မျှော်လင့်ထားသလောက် ဖြစ်မလာတာလည်း ရှိပါတယ်။ ဒါဟာ တက်တူးဆရာနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
 
၆။ နာမည်တစ်ခုကို အလွယ်တကူ တက်တူးထိုးလိုက်ဖို့ မကြိုးစားပါနဲ့။
အထူးသဖြင့် ကိုယ့်ချစ်သူ ရဲ့  နာမည်ကို အလွယ်တကူပဲ တက်တူးထိုးလိုက်မယ်လို့ မတွေးပါနဲ့။ တက်တူးတွေဟာ သေရာပါ ပေမယ့် အချစ်ရေးဆိုတာကတော့ မသေချာပါဘူး။
 
၇။ သင့်တက်တူးတွေကို အခွင့်အရေး ရသလို ဖော်ပြပါ။
ဒါကတော့ တက်တူးထိုးဖူးသူတိုင်းနားလည်ပါတယ်။ တက်တူးတွေဟာ ကိုယ့်မျက်လုံးထဲမှာ လှလို့ ကိုယ့်အရေပြားပေါ် ရေးထိုးခဲ့တာပဲ။ ပြီးရင်တော့ ဂုဏ်ယူလိုက်ပါ။ ကိုယ့်တက်တူး ကို ၀ံ့ကြွားပါ။
 
၈။ သူတစ်ပါးရဲ့  တက်တူး ကို မလှောင်ပြောင်ပါနဲ့။
သင်ဟာ သူတစ်ပါး အရေပြားပေါ်က တက်တူးတစ်ခုကို ပုံဆိုးပန်းဆိုး ဖြစ်နေတယ်လို့ ထုတ်မပြောလိုက်ပါနဲ့။ တက်တူးထိုးထားတဲ့သူတွေဟာ ကိုယ့်တက်တူးကို ချစ်ကြပါတယ်။ သူတို့ကိုယ်တိုင် မကြိုက်တဲ့လက်ရာတွေဆိုရင် သူတို့ ပြန်လည် ဖုံးအုပ်ပါလိမ့်မယ်။ တက်တူးတွေကို လေးစားပါ။
 
၉။ လိုအပ်ရင် ပြန်လည် ဖုံးအုပ်ပါ။
တက်တူးဆိုတာဟာ အချိန်ကြာလာလို့ အရောင်မှိန်သွားတာပဲ ဖြစ်ဖြစ် တက်တူး ဆရာရဲ့  လိုအပ်ချက်ရှိခဲ့လို့ လိုချင်တဲ့ပုံမျိုး မဟုတ်တော့တာပဲ ဖြစ်ဖြစ် ၊ သင့်တက်တူးမှာ ပြဿနာရှိနေရင် နောက်ထပ်တစ်ပုံ အဖြစ် ပြန်လည် ဖုံးအုပ်လိုက်ပါ။တက်တူးဆိုတာဟာ ဖျက်ဖို့ မဖြစ်နိုင်ပါဘူး။ ထိုးထားပြီးသား တက်တူးတွေကို ဂုဏ်ယူနိုင်ဖို့ ကြိုးစားပါ။
 
၁၀။ တက်တူးရှိလို့ ကြည့်မရတဲ့သူတွေကို လစ်လျူရှုထားလိုက်ပါ။
သင့် ခန္ဓာကိုယ် ပေါ် သင်ကြိုက်တဲ့ ပုံတွေရေး တာ သင့် လုပ်ပိုင်ခွင့်ပါ။ ကြည့်မရတာကတော့ သူတို့ ကိစ္စပါ။
 
Ref:yourtango
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.