ဆေးစွမ်းထက်တဲ့ ပေါက်ဥအကျိုးအာနိသင်များ

butea1.jpg
ပေါက်ဥရဲ့ အံမခမ်းဖွယ်ရာဆေးစွမ်းတွေကတော့ မောပန်းနွမ်းနယ်မှုလျော့ကျစေခြင်း၊ ကိုလက်စထရောလျော့ကျစေခြင်း၊ ကာမသိဒ္ဓိအားကောင်းစေခြင်း၊ ဖိုမျိုးစေ့ အားကောင်းစေခြင်း၊ ရောင်ရန်းနာ လျော့ကျစေခြင်း၊ ဆံကေသာ ကျန်းမာသန်စွမ်းစေခြင်း၊ အချို့ကင်ဆာရေဂါများကို တိုက်ထုတ်ပေးနိုင်တဲ့ အပြင် နှလုံးကျန်းမာရေးကိုလည်း အားကောင်းစေပါတယ်။
 
ဆေးစွမ်းထက်တဲ့ ပေါက်ဥဆေး
အမျိုးသားကာမသိဒ္ဓိ အားကောင်းစေတဲ့နည်းတမျိုး ရှာနေတယ်ဆိုရင် ပေါက်ဥဆေးဟာ တကယ့်ကိုမှီဝဲသုံးစွဲသင့်တဲ့ ဆေးတလက်ပါ။ ပေါက်ဥဆေးမှာ တခြားဆေးစွမ်းထက်အကျိုးအာနိသင်တွေအမြောက်အများရှိပေမဲ့လည်း ခေတ်အဆက်ဆက်အမျိုးသားတို့၏ကာမစိတ် တက်ကြွစေခြင်းနှင့် စွမ်းဆောင်ရည်အားကောင်းစေရန် အသုံးပြုပါတယ်။ ပေါက်ဥထဲမှာ အကျိုးရှိတဲ့အာဟာရဓါတ်တွေပါဝင်နေတဲ့ အတွက် ပေါက်ဥကို ယခုအခါ ကမ္ဘာအနှံ့ ရှာဖွေအသုံးပြုနေကြပါပြီ။
 
ပေါက်ဥကို လေ့လာစမ်းသပ်ကြည့်ရာမှာ ခန္ဓာကိုယ်အကျိုးပြုဓါတုဒြပ်ပေါင်း(sterol)၊ flavonoids ဓါတ်ပေါင်းစု၊ အပင်ထွက်ဓါတုဒြပ်စင် များ(phytochemicals)နှင့် အခြားတမူထူးခြားသောအက်ဆစ် ၁၅ မျိုးအပြင် လူသားများကျန်းမာရေးကို အထောက်အကူပြုတဲ့ ဓါတ်တွေ အပါအဝင် အဟာရဓါတ်နှင့် ဓါတုဓါတ်အမျိုးမျိုး ပါဝင်ပါတယ်။ တနည်းပြောရရင် ပေါက်ဥဟာ အမျိုးသားကာမသိဒ္ဓိအားဖြည့်ဆေးအဖြစ် အသုံးပြုပေမဲ့ နောက်ထပ်အသုံးဝင်ပုံများကိုလည်း တစတစပိုမိုသိရှိလာကြပါတယ်။ ပေါက်ဥရဲ့ ဆေးစွမ်းအကျိုးအာနိသင်တွေကို အောက်မှာ အသေးစိတ်လေ့လာကြည့်ပါ။
 
အမျိုးသားခွန်အားနှင့် ကာမစိတ်တိုးမြှင့်မှု – အမျိုးသားတွေဟာ သူတို့ရဲ့တချို့အကြောင်းကိစ္စတွေအတွက် ပေါက်ဥကို အလေးအနက် ထားကြပါတယ်။ ပေါက်ဥမှာတွေ့ရတဲ့ အပင်ဟော်မုန်းဓါတ်(phytoandogens) ဟာ အမျိုးသားတွေရဲ့ဝှေးစေ့မှထွက်တဲ့ ဟော်မုန်းဓါတ် နှင့် လုံးဝတူညီတဲ့အတွက် အမျိုးသားတွေကို တဖန်သန်စွမ်းလာစေခြင်း၊ ကြွက်သားအခြေအနေ၊ ခံနိုင်ရည်နှင့် ခွန်အားတွေကို အားကောင်းစေပါတယ်။ ဒီဆေးဟာ အမျိုးသမီးတွေရဲ့ အခြားသောကျန်းမာရေးအတွက် ထိရောက်ပေမဲ့ ကာမစွမ်းဆောင်ရည်ပိုင်း မှာတော့ ထိရောက်မှုသိပ်မရှိပါဘူး။
 
နှလုံးကျန်းမာရေး – ပေါက်ဥမှာ နှလုံးနှင့်သွေးကြောစနစ်ကို တိုက်ရိုက်ဆက်သွယ်ပေးပြီး နှလုံးရောဂါနှင့် ကိုလက်စထရောပမာဏကို တိုက်ဖျက်ပေးပြီး ရောဂါအမျိုးမျိုးဖြစ်ပွားခြင်းမှ ကာကွယ်ပေးတဲ့ အပင်ထွက်အာဟာရဓါတ်များ(phytonutrients) နှင့် flavonoids ဓါတ်ပေါင်းစုများ ပါဝင်ပါတယ်။ ဒီဆေး ထိရောက်ပုံအားလုံးကို အပြည့်အဝနားမလည်ပေမဲ့ ပေါက်ဥဆေးသုံးတဲ့သူတွေဟာ ကိုလက်စထရောဓါတ်ညီမျှပြီး ဟော်မုန်းဓါတ်တွေလည်း ပြန်လည်ညှိ ပေးပါတယ်။ နှလုံးသွေးပူလေ့ကျင့်ခန်းအပါအဝင် ဟော်မုန်းတွေဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် အရမ်းအရေးပါပါတယ်။ 
 
ဆံကေသာ ကျွတ်ခြင်း – ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ကျဲနေသူများအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကျိုးအာနိသင်များကို တွေ့ရှိရမှာဖြစ်တယ်။ ပေါက်ဥဟာ ဆေးထန်းပင်သီး saw palmetto အဆီနှင့် တူညီတဲ့အတွက် ဆံပင်ပြန်လည်ပေါက်ရောက်မှုနှင့် နက်မောင်သန်စွမ်းစေတဲ့ ဒြပ်စင်တွေကို ဖြစ်ပေါ်စေပါတယ်။
 
ပန်းသေပန်းညှိုးရောဂါ – ကာမစွမ်းဆောင်မှုဟာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး ခွန်အားရှိမှ အဆင်ပြေတာမျိုးမဟုတ်ပါ။ အသက်ငယ်ရွယ်သည်ဖြစ်ပါစေ အိုမင်းရင့်ရော်သည်ဖြစ်ပါစေ သန်းပေါင်းများစွာသောအမျိုးသားများ ပန်းသေပန်းညှိုးခြင်းကို ခံစားကြရတယ်။ သိပ္ပံနည်းကျလေ့လာမှုအရနှင့် မိရိုးဖလာ ဆေးသုံးစွဲမှုအရ ပေါက်ဥမှာ ကာမစိတ်ကို လှုံ့ဆော်ပေးခြင်း၊ ကြွက်သားတောင့်တင်းသန်မာခြင်း၊ သွေးလည်ပတ်စီးဆင်းစေခြင်းစတဲ့ အံသြရလောက် အောင်ကောင်းတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ အိပ်ခန်းထဲမှာ ထင်သလောက်မစွမ်းဆောင်နိုင်ပါက ပေါက်ဥဆေးကို သုံးကြည့်ပါ။
 
အရိုးကျန်းမာရေး – ပေါက်ဥဆေးသောက်သုံးပါက အရိုးများသန်မာမှုနှင့် အရိုးသိပ်သည်းဆကို တိုးတက်စေတယ်လို့ တခြားကျန်းမာရေး လေ့လာချက်တွေက ဖော်ပြထားပါတယ်။ အရိုးပွရောဂါနှင့် အခြားဆေးမတိုးတဲ့အရိုးရောဂါများကို ခံစားနေရသောသူများအဖို့ ပေါက်ဥဆေးဟာ အထူးအရေးပါ ပါတယ်။
 
ခန္ဓာကိုယ်ရောင်ရမ်းခြင်းမှ ကာကွယ်ပေး – ပေါက်ဥမှာ အဆစ်ရောင်ရမ်းခြင်း ဒါမှမဟုတ် ဂေါက်နာ ဒါမှမဟုတ် မြင်းသလိပ်နာစတဲ့ ခန္ဓာကိုယ်ရောင်ရမ်းစေ တဲ့ အနေအထားများမှ ကာကွယ်ပေးတဲ့ ဂုဏ်သတ္တိတွေများစွပါဝင်ပါတယ်။
 
ကင်ဆာရောဂါ ကုသပေးခြင်း – ပေါက်ဥဆေးဟာ ခန္ဓာကိုယ်အတွင်း အချို့ဒြပ်ပေါင်းတွေ ကင်ဆာဆဲလ်သဏ္ဍာန်အသွင်ပြောင်းဖြစ်ပွားခြင်းမှ ကာကွယ် ပေးတယ်လို့ လေ့လာစမ်းသပ်မှုများအရ သိရှိရပါတယ်။ ခန္ဓာကိုယ်အတွင်း အင်န်ဇိုင်းဓါတ်ဖြစ်ပွားမှုကို တားဆီးကာကွယ်ပေးတဲ့အတွက် ပေါက်ဥဆေးဟာ ကင်ဆာဖြစ်ပွားစေနိုင်တဲ့ ဆဲလ်များ၊ တစ်ရှူးများကုသပေးရာတွင် ထိရောက်ပါတယ်။
 
နောက်ဆုံးသတိပေးချက် – ပေါက်ဥဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေ မသောက်သုံးရ။ ဆေးမသောက်သုံးမီ ဆေးဝါးကျွမ်းကျင်သူနှင့် ဆွေးနွေးလို့ သောက်ပါ။
 
Ref:organicfacts.net
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.