သင်တင်လိုက်တဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာ Like နည်းရခြင်းရဲ့သိပ္ပံနည်းကျ အကြောင်းရင်းများ

facebooklikes_1.jpg
သင်က ပို့စ်တစ်ခုခုတင်လိုက်ပေမဲ့ တခြားသူတွေရဲ့ ပို့စ်တွေလို Like တွေမများတာ၊ တခါတလေ Like လုံးဝ မရတာတွေကြုံရတဲ့အခါ ဘာကြောင့်လဲလို့ သိချင်ကြပါသလား။ တခြားသူတွေရဲ့ ပို့စ်တွေနဲ့ မတူဘဲ ငါတင်လိုက်တဲ့ အကြောင်းအရာက ဘယ်လောက်များဆိုးနေလို့ တစ်ယောက်မှ စိတ်မဝင်စားကြတာလဲဆိုပြီး အတွေးဝင်နေပါသလား။ တကယ်တော့ လူတွေက ဘာကို Like ပေးကြတယ်ဆိုတာကို သင်သိဖို့လိုပါတယ်။ ဘယ်လိုလူမျိုးတွေက ဘယ်လိုအကြောင်းအရာမျိုးတွေကို ကြိုက်တတ်သလဲဆိုတာ သိပ္ပံနည်းကျ စစ်တမ်းကောက်ယူပြီး သုတေသနပြုထားတာရှိပါတယ်။အမျိုးအစားတစ်ခုစီရဲ့ အကြိုက်နမူနာတွေကိုလည်း ဖော်ပြထားပါတယ်။
 
၁) ပုဂ္ဂိုလ်ရေးနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို ဦးစားပေးတဲ့လူမျိုးတွေက ပုံမှန်အားဖြင့် အများဆုံးဖြစ်ပါတယ်။ ဒီအလွှာထဲမှာ ပါဝင်တဲ့လူတွေ Like ပေးတတ်တဲ့ ပို့စ်တွေက အရက်၊ဆေးလိပ်နဲ့ ဆိုင်တဲ့ ဟာသတွေ၊ လိင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန် လမ်းညွှန်ချက်တွေ၊ အိုမင်းရင့်ရော်မှုကို တားဆီးပေးနည်းတွေ၊ သွေးဆုံးကိုင်ချိန်ကို ဘယ်လိုကျော်ဖြတ်မလဲ စတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
 
၂)စိတ်ခံစားမှုနဲ့အကျိုးအကြောင်းဆက်စပ်မှုကို ဦးစားပေးတဲ့လူမျိုးတွေက ခံစားချက်တွေ၊ လူမှုရေးပတ်သက်မှုတွေကို အလေးထားတတ်ပါတယ်။သူတို့က စိတ်ဖိစီးမှု ဘယ်လိုလျှော့ချမလဲ၊ နာမည်ကြီးတွေရဲ့ သတင်းတွေ၊ လက်တွဲဖော်ကို ဘယ်လိုဆွဲဆောင်မလဲ၊ မကွာရှင်းရအောင် ဘယ်လိုပြုမူနေထိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို သဘောကျပြီး နှစ်သက်တတ်ပါတယ်။
 
၃)တတိယတစ်မျိုးကတော့ ခံစားချက်သမားဆိုတာထက် အတွေးသမားတွေဖြစ်ပါတယ်။သူတို့က အတွေးအခေါ်တွေနဲ့ တစ်ခုခုကို သင်ယူနိုင်ဖို့ ရှာနေတတ်သူတွေဖြစ်ပါတယ်။သူတို့လို လူမျိုးတွေက အသက် ၄၅ နှစ်မတိုင်ခင် သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးဗျူဟာ၊ သိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးမှုသတင်းတွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ နိုင်ငံရေး စကားဝိုင်းလို ပို့စ်တွေကို ရှာပြီးဖတ်ရှုကြသလို Like ပေးလေ့ရှိပါတယ်။
 
၎)လူအနည်းဆုံးနဲ့ လူမှုကွန်ယက်တွေမှာ ကျော်ကြားမှု အနည်းဆုံး အုပ်စုဖြစ်ပါတယ်။ဒီအုပ်စုကလူတွေကို ဆွဲဆောင်နိုင်တဲ့ အကြောင်းအရာတွေက ဘာသာရေးမဟုတ်ဘဲ စိတ်စွမ်းအင်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။အများအားဖြင့် ပါရမီရှင်တွေဖြစ်တတ်ပေမဲ့ သူတို့တင်တဲ့ပို့စ်တွေက Like အနည်းဆုံးရတတ်သူတွေ ဖြစ်ပါတယ်။သူတို့တင်လေ့ရှိသလို Like ပေးလေ့ရှိတဲ့ ပို့စ်မျိုးတွေကတော့ မသိစိတ်ရဲ့ စွမ်းအား၊ အမှီအခိုကင်းပြီး တာဝန်သိစိတ်ရှိတဲ့ လူ့အသိုက်အဝန်းတစ်ခု ဖော်ဆောင်ဖို့၊ ပေါင်းစည်းဖန်တီးနိုင်စွမ်းစတဲ့ ပို့စ်တွေပဲ ဖြစ်ပါတယ်။
 
ဒါကြောင့် ပို့စ်တစ်ခုတင်တဲ့အခါ Like ရခြင်း မရခြင်းက ကိုယ့်ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းရဲ့ အနေအထားနဲ့ အများကြီးဆိုင်ပါတယ်။ဒီတော့ သင့်မှာ ရွေးစရာ ၃ ခုရှိပါတယ်။
 
၁)ကိုယ့်ရဲ့ သူငယ်ချင်းတွေကြိုက်နိုင်မယ့် ပို့စ်တွေတင်ပြီး Like များများရအောင်လုပ်မယ်။
 
၂)ဘာပို့စ်မှ မတင်တော့ဘူး။
 
၃)Like ရရ မရရ ကိုယ်ယုံကြည်တဲ့ ကိုယ့်အကြိုက်ပို့စ်တွေပဲတင်မယ်။
 
Ref:yourtango
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.