၂၀၁၆ ခုနှစ်ဟာ ပုံမှန် ရက်ထပ်နှစ် leap year ထက် ပိုမိုကြာရှည်မယ့်နှစ် ဖြစ်မယ်

nintchdbpict0001998978291.jpg

၂၀၁၆ ခုနှစ်က ပုံမှန်ရက်ထပ်နှစ် leap year ထက် ပိုနှောင့်နှေးကြန့်ကြာပါမယ်။ သမိုင်းမှာ ရှိခဲ့ဖူးသမျှ အရှည်ဆုံးနှစ်တွေထဲက တစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

ဒါ ဖြစ်နိုင်ဖွယ်မရှိပေမယ့် ဒီနှစ်ဟာ အနည်းငယ် ရှည်ကြာမယ်။ ဒါတွေဟာ ဂြိုဟ်ရဲ့ လည်ပတ်မှုကြောင့် ဖြစ်ပါတယ်။ သင် သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။ သို့ပေမယ့် ၂၀၁၆ က ၁ စက္ကန့်အပြည့် ထပ်မံ တိုးသွားပါလိမ့်မယ်။ အဲဒါဟာ နှစ်ကုန်ရက် ညသန်းခေါင် ၁၂ နာရီအချိန်မှာ ထပ်မံထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Leap second ခေါ် ဒီ စက္ကန့်ထပ်နှစ်ကြောင့် ၂၀၁၆ ခုနှစ်က အရင်နှစ်တွေလို ၂၃း ၅၉း ၅၉ မှာ မကုန်ဆုံးသေးဘဲ အဲဒီအစား တစ်နှစ်တာရဲ့ ကြာချိန်ကို ၁ စက္ကန့်အပြည့်ထပ်ပေါင်းကာ ၂၃း ၅၉း ၆၀ မှာ ကုန်လွန်အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းဆောင်ရွက်မှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ စံတော်ချိန်ကို ခြေရာခံစောင့်ကြည့်မှတ်တမ်းတင်အဖွဲ့ဖြစ်တဲ့ International Earth Rotation and Reference Systems Service ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းအနေနဲ့ ကမ္ဘာဂြိုဟ်ရဲ့လည်ပတ်မှုဟာ ကမ္ဘာ့စံတော်ချိန်ကနေ အနည်းငယ် ချွတ်ချော်တိမ်းစောင်းနေရင် သူတို့သိကြပါတယ်။ စက္ကန့်ထပ်နှစ် leap second ဟာ အချိန်ကို ကမ္ဘာ့ရွေ့လျားမှုနဲ့ ချိန်ညှိရန် ထည့်သွင်းရတဲ့ သဘောဖြစ်ပါတယ်။ ဒီ ၁ စက္ကန့်ထပ်မံပေါင်းထည့်ခြင်းကို ၁၀ နှစ် တစ်ကြိမ် ပြုလုပ်ပေးရပါတယ်။ ဒီနှစ် ၂၀၁၆ ခုနှစ်က ရက်ထပ်နှစ်လည်းဖြစ်လို့ အပိုတစ်ရက်ရယ်၊ နောက်ထပ် ၁ စက္ကန့်ရယ်နဲ့ဆို သမိုင်းမှာ အကြာရှည်ဆုံးနှစ်အဖြစ် သမိုင်းမှာ ကျန်ရစ်မှာ ဖြစ်ပါတယ်။  

Ref: The Sun 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.