ဘောလုံးပရိသတ်တစ်ယောက် သူ့အသင်း ၃ – ၁ ဖြင့် ရှုံးနိမ့်ပြီးနောက် သူငယ်ချင်းနားရွက်ကို ကိုက်ဖြတ်

capture.png

ဘောလုံးပရိသတ်တစ်ယောက် ပရီးမီးယားပွဲစဉ်တစ်ခုမှာ သူအားပေးတဲ့အသင်း ရှုံးနိမ့်ပြီးနောက် သူငယ်ချင်းဖြစ်သူရဲ့နားရွက်ကို ကိုက်ဖြတ်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် Jamie Richardson အမည်ရသူက Southampton အသင်းမှ Chelsea အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ထိခိုက်ဒဏ်ရာရစေမှုနဲ့ စွဲချက်တင်ခံရပြီး ထောင် ၂၂ လ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်မှာ Richardson က ချဲလ်ဆီးအသင်း အင်္ကျီအပြာဝတ်ဆင်ထားပြီး သူ့အသိ Richard Avery မှ သူ့ကို အပြင်ထွက်၊ အသာလေးငြိမ်နေရန် ပြောဆိုရာမှာ ငမူးလို့ ပြောဆိုခံခဲ့ရပါတယ်။

နှစ်ယောက်လုံး အပြန်အလှန်ထိုးကြိတ်နေကြောင်း၊ Mr Richardson က အပေါ်စီးရပြီး နားရွက်ကို ကိုက်ဖြတ်လိုက်တာဖြစ်ကြောင်း တရားလိုရှေ့နေ Nigel Fryer က ဆိုပါတယ်။ ရန်ဖြစ်စဉ် နားရွက်ကိုက်ဖြတ်ခံရပြီးနောက် Mr Avery ကို Newport မြို့ Royal Gwent ဆေးရုံ ပို့ခဲ့ရပါတယ်။ ဒါပေမယ့် ပြန်ဆက်လို့ မရခဲ့ပါဘူး။ သူ့ကို ကာကွယ်ဆေးထိုးပြီး အလုပ် ၅ ပတ် နားခဲ့ရပါတယ်။ 

Ref: Metro 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.