စုတ်ဖြဲထားတဲ့ ပုံစံရှိတဲ့ ဂျင်းဘောင်းဘီတွေကို ဝယ်တုန်းကထက် ပိုပိုပြီး ပြဲမသွားစေဖို့

ripped_jeans2.jpg
“ ဒီလို ဘောင်းဘီအပြဲတွေကို နင်တို့ ပိုက်ဆံပေးပြီး ဝယ်ခဲ့တာလား” လို့ အဘွားဖြစ်သူရဲ့ တအံ့တသြမေးတဲ့အသံကို ကြားရလို့ ဂျင်းဘောင်းဘီအပြဲတွေကို ဖန်တီးခဲ့တဲ့ Regina George ကို အပြစ်တင်ချင်တဲ့ လူငယ်တွေရှိမယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြဲနေတဲ့ ပုံစံပေါ်အောင် ဖန်တီးထားတဲ့ ဂျင်းဘောင်းဘီ အင်္ကျီတွေလောက် လွတ်လပ်ပေါ့ပါးစတိုင်ကျစေတဲ့ ဝတ်စုံဆိုတာ မရှိလို့ပါပဲ။
 
ဒါကြောင့် ခေတ်ရဲ့ တောင်းဆိုချက်အရ အခုခေတ်လူငယ်တိုင်းရဲ့ ဗီရိုထဲမှာ ဒူး၊ ပေါင်နဲ့ စိတ်ကူးရှိရာ နေရာတွေမှာ ဒီဇိုင်းထွင်ပြီး စုတ်ဖြဲထားတဲ့ ဂျင်းဘောင်းဘီတစ်ထည်တော့ အနည်းဆုံး ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီပြဲနေတဲ့ ဂျင်းဘောင်ဘီက ဝယ်တုန်းကအတိုင်း မဟုတ်တော့ဘဲ ဆက်ပြဲသွားတာမျိုး၊ အပေါက်ကြီးပိုကျယ် လာတာမျိုးနဲ့ ပြတ်ထွက်သွားတော့မလောက်အထိ တဖြည်းဖြည်း ပြဲလာတာတွေကတော့ ကြည့်ရဆိုး စေပါတယ်။ ဝယ်တုန်းကလို ခပ်မိုက်မိုက်နဲ့ စတိုင်မကျတော့ဘဲ ပစ်စလတ်ခတ်ပုံစံ ပေါက်လာတတ်ပါတယ်။
 
ဒါကို ဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်း တစ်ခုရှိပါတယ်။ နည်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ လုပ်ရ မှာကတော့ မီးပူသုံးပြီး ဂျင်းပိတ်စနည်းနည်းကို ကပ်ရမှာဖြစ်ပါတယ်။ ဂျင်းသားတွေက ပြဲတဲ့အခါမှာအပေါ် အောက် ပြဲမသွားဘဲ ဘေးတိုက်ပြဲသွားလေ့ရှိတတ်တာကြောင့်  ဖြဲထားတဲ့ အပေါက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက် အစွန်းတစ်ဘက်စီမှာ ဂျင်းသားအစ တစ်ခုစီကို ကော်ကပ်ပြီး မီးပူနဲ့ ဖိပြီး တိုက်ပေးထားရုံပဲ ဖြစ်ပါတယ်။ အဝတ်လျှော်လိုက်တာကြောင့် ပိုပြီး ပြဲသွားစေတာမျိုးတွေမဖြစ်အောင် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ ဒီနည်းလေးကို သုံးလိုက်ရင်တော့ ကိုယ့်အကြိုက်ဂျင်းဘောင်းဘီလေးတွေကို နဂိုအပြဲအတိုင်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဝတ်နိုင်ကြမှာပဲ ဖြစ်ပါတယ်။
 
Ref:shefinds 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.