ပြင်းထန်တဲ့ လေလည်နံ့က ဦးနှောက်ကင်ဆာကို ကာကွယ်ပေးပြီး အနံ့ရတဲ့သူတွေအတွက် ကောင်းကျိုးပေးနိုင်ဟု သိပ္ပံပညာကဆို

smelling-farts-makes-live-longer-doing-prevents1.jpg
လေလည်တာက ဘဝရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ တစ်ခါတစ်လေ ရှက်စရာ ရယ်စရာတစ်ခုလို့ ထင်ရပေမဲ့ အစာချေအဖွဲ့အစည်းရဲ့ ကျန်းမာရေးအခြေအနေကိုပြတဲ့ သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။ လေလည်တာက ဓာတ်ငွေ့တွေ စုပြီးထွက်လာတာဖြစ်ပြီး အမြဲတမ်းတော့ အနံ့တွေ အသံတွေ မထွက်တတ်ပါဘူး။
 
ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ပျမ်းမျှ ၁၄ ကြိမ်လောက် လေလည်တတ်ပါတယ်။ အများအားဖြင့် အနံ့မရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေပဲ ဖြစ်တာကြောင့် သတိမပြုမိတာဖြစ်ပါတယ်။ လေလည်တဲ့အခါ မှာ ပြင်းထန်တဲ့အနံ့ရတာက သင့်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အမျှင်ဓာတ်လုံလောက်စွာ ရရှိနေပြီး အူလမ်းကြောင်းထဲမှာလည်း အကျိုးပြုဘက်တီးရီးယားအရေအတွက် များများရှိတယ်ဆိုတာကိုပြတာပဲ ဖြစ်ပါတယ်။
 
ပြင်းထန်တဲ့ လေလည်နံ့က ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ကြောင့်ဖြစ်ပါတယ်။ စားလိုက်တဲ့ အစာ အမျိုးမျိုးကို ချေဖျက်ရာကနေ ထွက်လာတဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဒြပ်ပေါင်းအနံ့က အစာအိမ်ထဲမှာ ရှိတဲ့အရာ အားလုံး ကောင်းကောင်း မွန်မွန်လည်ပတ်နေတယ်ဆိုတာက ပြတာပါ။ တွေ့ရှိမှုအသစ်တစ်ခုအရ လေလည်နံ့ကို ရှူမိတဲ့သူတွေမှာ ကောင်းကျိုးတွေရှိပါတယ်။ အဲ့ဒီလေလည်နံ့မှာ ပါဝင်တဲ့ မီသိန်းဓာတ်ငွေ့က ရောဂါဖြစ်စေမယ့် အလားအလာတွေကို လျော့စေပြီး အသက်ရှည်စေပါတယ်။
 
ရောဂါပိုးထဲမှာရှိတဲ့ အင်ဇိုင်းတွေရဲ့လုပ်ငန်းတွေကို ပြောင်းလဲစေနိုင်တဲ့ အစွမ်းရှိပါတယ်။ အဓိက ပျောက်ကင်းစေတဲ့ ရောဂါတစ်မျိုးကတော့ ဦးနှောက်ပျက်ခြင်းကြောင့်ဖြစ်တဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ချွင်းချက်တစ်ခုကတော့ ပြင်းထန်တဲ့ လေလည်နံ့ကိုရတဲ့အခါ နို့ထွက်ပစ္စည်းတွေကြောင့် လားဆိုတာ စူးစမ်းရပါမယ်။ မဟုတ်ရင်တော့ ကိုယ့်ဘေးကလူတွေရော ကိုယ့်အတွက်ပါ အကျိုးပြုတဲ့ အနံ့တစ်ခုလို့ မှတ်နိုင်ပါတယ်။
 
Ref:higherperspectives
 
3 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.