ဒီအသေးအဖွဲပြောင်းလဲမှုလေးတွေက သင့်ကို ချက်ချင်း ပျော်ရွှင်မှု ပိုရစေနိုင်

clouds-jumping-happiness-success-achievment-mental-health.jpg

ဒီထက်မက ပိုမိုပျော်ရွှင်မှုရှိခြင်းက အောင်မြင်မှုရဲ့ လျို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။ ပျော်ရွှင်မှုရအောင် ပြုလုပ်မယ့် လမ်းညွှန်းချက်လေးရဲ့ အကောင်းဆုံးအချက်က သင့်တစ်နေ့တာလှုပ်ရှားမှု၊ စိတ်ချက်စားချက်နဲ့ ဘဝအပေါ်သဘောထားအမြင် အများကြီးပြောင်းလဲပစ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ ပျော်ရွှင်ခြင်းအနုပညာခေါ် သုတေသနပေါ်အခြေခံပြီး သင့်တစ်နေ့တာ ပိုမိုပျော်ရွှင်ကြည်နူးစေမယ့် ရိုးရှင်းတဲ့နည်းလမ်း (၃) ခု ရှိပါတယ်။

၁။ တပါးသူပေါ် ကောင်းတာလုပ်ပါ

နောက်တစ်ခါ မနက်ခေါ်ဖီဝယ်ရင် လုပ်ဖော်ကိုယ်ဖက်အတွက်ပါ ပိုဝယ်ခဲ့ပါ။ ဒီ လိုတစ်ကိုယ်ကောင်းမဆန်ခြင်းမျိုးက သင့်ကို ပိုမိုပျော်ရွှင်စေပြီး ကျန်းမာရေးတောင် ပိုကောင်းစေလိမ့်မယ်လို့ သုတေသနက ဖော်ပြထားပါတယ်။ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေပြီး ဒီထက်မက ပျော်ရွှင်မှုသုခ ရရှိပိုင်ဆိုင်စေမယ့် အသိတရားနဲ့ စိတ်ကျေနပ်မှုလည်း ရရှိစေပါတယ်။

၂။ မိမိအဖို့ ကောင်းတာလုပ်ပါ

လုပ်ယူဖန်တီးနိုင်တဲ့ ပျော်ရွှင်မှုတွေအားလုံး သင့်အနီးတဝိုက်မှာပဲ ရှိပါတယ်။ အဲဒါဟာ ရေခဲမုန့်စားသလောက်လွယ်ရင်လည်း လွယ်ကူနိုင်ပါတယ်။

၃။ သင့်အတွေ့အကြုံတွေကို အရသာခံပါ

ဘဝရဲ့ ပျော်ရွှင်ကြည်နူးမှု အရသာခံရန် အချိန်ယူပါ။ အပြင်မှာ အေးအေးလူလူ အပန်းဖြေလမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် ညင်သာစွာခြေလက်ဆန့်တန်းခြင်း စတာတွေပေါ့။ ပိုမိုပျော်ရွှင်ရုံမက အားအင်ပြည့်တင်းပြီး လုပ်နိုင်ကိုင်နိုင် ပိုရှိပါလိမ့်မယ်။ 

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.