Taylor Swift နဲ့ Adele တို့ဟာ ဝင်ငွေအမြင့်ဆုံး အနုပညာရှင်ဆယ်ယောက်ထဲမှာ ပါဝင်နေကြောင်း Forbes မဂ္ဂဇင်းမှ ထုတ်ပြန်

adele-glastonbury.jpg

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အနုပညာရှင် အယောက် ၁၀၀ ရဲ့ ကျန်ခဲ့တဲ့ ၁၂ လအတွင်း အခွန်မဆောင်မီ စုပေါင်းရရှိငွေမှာ ၅.၁ ဘီလျှံ (၃.၉ ဘီလျှံပေါင်) ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ Belize၊ Gambia၊ Bhutan တို့ရဲ့ စုစုပေါင်း GDP ထက်ပိုများတယ်လို့ Forbes ကနေ ပြုလုပ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးအနုပညာရှင်တွေရဲ့ ဝင်ငွေ စစ်ဆေးလေ့လာမှုတစ်ခုအရ သိရပါတယ်။

၂၀၁၅ ဇွန်လ ၁ နေ့ကနေ ၂၀၁၆ ဇွန်လ ၁ ရက်နေ့အထိ အခွန်ခရယ်၊ မန်နေဂျာတွေ၊ ရှေ့နေတွေ၊ အေးဂျင့်တွေနဲ့ အဖွဲ့ရဲ့ တခြားအရေးကြီးပုဂ္ဂိုလ်တွေဆီက ဝန်ဆောင်ခတွေ မဖြတ်မီ ခန့်မှန်းခြေ $170 million (₤130m) ဝင်ငွေရရှိကာ ဒီနှစ် Taylor Swift ဟာ  ထိပ်ဆုံးစာရင်း ရောက်ရှိသွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အောင်မြင်မှုရနေတဲ့ Taylor Swift ဟာ အရင်နှစ်နဲ့စာရင် ၇ နေရာကျော်တက်လာခဲ့ခြင်းဖြစ်ပါတယ်။

One Direction ရဲ့ စုပေါင်းဝင်ငွေက $110m (₤84.7m) ပမာဏဖြင့် ဒုတိယနေရာ ရောက်ရှိခဲ့ပါတယ်။ Adele ကတော့ $80.5m (₤62m) ဖြင့် စာရင်းရဲ့ နံပါတ် ၉ နေရာ တက်ရောက်လာခဲ့ပါတယ်။

Forbes အနေနဲ့ နာမည်စာရင်းမှာ ပါဝင်သူတွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီက ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်းခြင်းအပြင် Nielsen၊ Pollstar၊ Box Office Mojo၊ Songkick နဲ့ IMDB တို့ဆီက တွက်ချက်မှုကိန်းဂဏန်းတွေယူသုံးပြီး ယင်းအချက်အလက်ကို ပြုစုခဲ့ခြင်း ဖြစ်ပါတယ်။ 

Ref: Indepedent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.