ကလေးအရွယ်မှာ လက်မစုပ်၊ လက်သည်းတွေ ကိုက်တတ်တဲ့အကျင့်က ဓာတ်မတည့်မှု ပိုနည်းစေနိုင်ဟု သိရ

thumb.jpg

လက်မစုပ်၊ လက်သည်းတွေ ကိုက်တတ်တဲ့ ကလေးတွေဟာ ဓာတ်မတည့်မှု ဖြစ်ပွားနိုင်ခြေပိုနည်းကြောင်း သုတေသနအသစ်အရ သိရပါတယ်။ "ဓာတ်မတည့်မှုတွေဟာ ငယ်ရွယ်တဲ့အချိန်မှာ ရောဂါပိုးမွှားနဲ့ မထိတွေ့ ကလေးတွေမှာ ဖြစ်ပွားတယ်" ဆိုတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အယူအဆကို ယခုရှာဖွေတွေ့ရှိချက်တွေကနေ သက်သေထူပါတယ်။

မကြာမသေးမီ ဆယ်စုနှစ်တွေအတွင်း ဓာတ်မတည့်မှုဖြစ်တဲ့ကလေးတွေ ဘာကြောင့် မြင့်တက်လာလဲဆိုတဲ့ သီအိုသီ၊ အယူအဆများစွာ ရှိပါတယ်။ ၁၃ နှစ်အရွယ်ကလေး ၄၅% မှာ ကြောင်၊ ခွေး၊ ဖုန်မှုန့်၊ မြက်ပင်၊ မြင်းစတဲ့ ဓာတ်မတည့်မှုတစ်ခုခု အနည်းဆုံး တုံ့ပြန်ဖြစ်ပေါ်ကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် လက်မစုပ်၊ လက်သည်းတွေ ကိုက်တဲ့ကလေးတွေကြား ဓာတ်မတည့်မှု ၃၁% ထိ လျှော့နည်းပါတယ်။ သို့သော် ဒီအပြုအမူ ဘယ်ဟာမှာမှ ကလေးတွေမှာ ပန်းနာ သို့မဟုတ် ပန်းဝတ်မှုန်စတာတွေကြောင့် မျက်ရည်ယို၊ နှာစေး၊ ခြေဆတ်၊ ဖျားနာခြင်း ဖြစ်ပွားစေတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။

"ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိချက်တွေက အညစ်အကြေး သို့မဟုတ် ရောဂါပိုးမွှားတွေကို အစောပိုင်းထိတွေ့ခြင်းက ဓာတ်မတည့်ဖြစ်ပွားမှု အန္တရာယ် လျှော့နည်းစေတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ သီအိုရီနဲ့ တစ်ထပ်တည်း ကျကြောင်း" ကနေဒါနိုင်ငံ McMaster University က ပါမောက္ခ Malcolm Sears က ဆိုပါတယ်။

ဒီအပြုအမူကို အားပေးသင့်တယ်လို့ အကြံမပြုပေမယ့် အကျိုးပြုပါတယ်။ ပါးစပ်ထဲ လက်ချောင်းတွေ ထိုးထည့်ခြင်းက မျက်စိဖြင့် မမြင်နိုင်တဲ့ ရောဂါပိုးတွေ ပိုမိုထိတွေ့စေပြီး အဲဒါက ကိုယ်ခံအားစနစ် ကြီးထွားရင့်သန်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

Ref: Independent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.