ဖခင်အား လုပ်ကြံသတ်ဖြတ်မှု လက်စားချေရန် ဘင်လာဒင်ရဲ့သားဖြစ်သူ ကြိမ်းဝါး

bin-laden.jpg

Al Qaeda မီဒီယာအဖွဲ့မှ ကွယ်လွန်သွားတဲ့ al Qaeda ခေါင်းဆောင် Osama bin Laden ရဲ့သားမှ သူ့ဖခင်ကို လုပ်ကြံသတ်ဖြတ်ခြင်းအတွက် အမေရိကန်အစိုးရကို လက်စားချေတုံ့ပြန်မယ်ဆိုတဲ့ အသံဖိုင်တစ်ခု ထုတ်လွှင့်ခဲ့ပါတယ်။

As-Sahab မှ စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ ယင်းဗီဒီယိုထဲမှာ Hamza bin Laden က အမေရိကန်ပြည်သူတွေကို ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေအတွက် တာဝန်ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ al Qaeda အနေနဲ့ မွတ်ဆလင်ဖိနှိပ်မှုကို တုံ့ပြန်တဲ့အနေဖြင့် အမေရိကန်နဲ့ ဂျီဟတ် သို့မဟုတ် သန့်ရှင်းသောစစ်ပွဲ ဆက်လက်ဆင်နွှဲမယ်လို့ ဆိုပါတယ်။ "ခင်ဗျားတို့ Abbottabad မှာ ကျူးလွန်တဲ့ ရာဇဝတ်မှု ပြစ်ဒဏ်ကျမခံရဘဲ ပြီးဆုံးသွားပြီလို့ ယူဆရင် မှားသွားပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

Bin Laden ဟာ ပါကစ္စတန်နိုင်ငံ Abbottabad ရှိ သူ့နေခြံဝင်းထဲမှာ အမေရိကန်ရဲ့ဝင်ရောက်စီးနင်းမှုမှာ အသတ်ခံရပါတယ်။ သူ့သားဘယ်နေရာမှာ ရှိလဲ မသိရပါဘူး။ သူ al Gaeda အဖွဲ့ ဦးဆောင်မှုတာဝန်ရယူရန် ပြင်ဆင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း လေ့လာသူတွေက ထင်ကြေးပေးကြပါတယ်။ Bin Laden သေဆုံးတဲ့အချိန် ထုတ်ပြန်တဲ့ သတင်းတွေအရ သူ့ Abbottabad နေအိမ်ခြံဝင်းကြီးထဲ ဝင်ရောက်စီးနင်းပြီး  ဝရုန်းသုန်းကားဖြစ်နေစဉ် Hamza bin Laden ထွက်ပြေးလွတ်မြောက်တာလို့ ယူဆကြောင်း သုံးသပ်ပြောကြားခဲ့ကြပါတယ်။

အမေရိကန်စစ်တပ်က bin Laden ရဲ့သား Khalid အသက် ၂၂ ကို အငိုက်ဖမ်းတိုက်ခိုက်မှုမှာ အသတ်ခံခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အငိုက်ဖမ်းတိုက်ခိုက်စဉ် သီသီကလေးလွှတ်သွားတဲ့ သားက Hamza bin Laden ၁၉ နှစ် ဖြစ်ကြောင်း Crown Prince of Terror လို့ ခေါ်တဲ့ သတင်းစာထဲမှာ ထင်ကြေးပေးမှု ရှိပါတယ်။ Hamza က bin Laden ရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေ ကွဲပြားကြပေမယ့် bin Laden ဟာ ကလေး ၂၀ ခန့်ရဲ့ ဖခင်လို့ သံသယတွေ ရှိနေပါတယ်။

သူ့လက်ရေးသေတမ်းစာထဲမှာ bin Laden က သူ့မှာ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှု ၂၉ မီလျှံဒေါ်လာခန့် ရှိကြောင်း အခိုင်အမာဆိုထားပါတယ်။ အဲဒီ al Qaeda ခေါင်းဆောင်အနေဖြင့် သူ့ပိုင်ဆိုင်မှုကို ဆွေမျိုးတွေခွဲဝေပေးဖို့ စီစဉ်ထားပေမယ့် အများစုကိုတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအလွန် အစ္စလန်မစ်အကြမ်းဖက်တိုက်ခိုက်မှု ကွန်ယက်စီမံလုပ်ဆောင်ရာမှာ အသုံးပြုရန် စိတ်ဆန္ဒရှိခဲ့ပါတယ်။ 

Ref: cbsnews

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.