နာမည်ကျော်ရှေ့နေတစ်ဦး က Snapchat အက်ပလီကေးရှင်းကို တရားစွဲဆို

stocksy_txp483ccff2wa3100_small_34232.jpg
အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ နာမည်ကျော် ရှေ့နေကြီး Mark Garagos ဟာ Snapchat အက်ပလီကေးရှင်းကို တရားစွဲလိုက်ပါတယ်။ Snapchat ဟာ ကလေးငယ်တွေကို "လိင်ပိုင်းဆိုင်ရာအကြောင်းအရာ" တွေ နဲ့ နီးစပ်လာအောင် လုပ်ဆောင်နေခြင်းကြောင့်  Mark Garagos က အခုလို တရားစွဲဆိုခဲ့တာဖြစ်ပြီး အထူးသဖြင့် Snapchat အက်ပလီကေးရှင်း ရဲ့  Discover ဆိုတဲ့ လုပ်ဆောင်ချက်ကို ဦးတည် အပြစ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။
 
ထို တရားစွဲဆိုမှုထဲမှာတော့ Snapchat က တဆင့် ညစ်ညမ်းတဲ့ ကုန်ကြမ်းများပြသထားမှုကို ကြုံတွေ့ခဲ့ရသူတိုင်းအတွက် ၁၉၉၆ခုနှစ် ဆက်သွယ်ရေးယဉ်ကျေးမှုဆိုင်ရာအက် ဥပဒေ အရ Snapchat အနေနဲ့ တစ်ယောက်ကို ဒေါ်လာ ၅ သောင်းစီ လျော်ကြေးပေးဖို့ ရေးသားဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ ၁၉၉၆ခုနှစ် ဆက်သွယ်ရေးယဉ်ကျေးမှုဆိုင်ရာ အက်ဥပဒေ ဆိုတာဟာ အင်တာနက်မှာ အပြာရုပ်ရှင်ဖြန့်ဖြူးမှု တွေကို စည်းကမ်းတကျ ဖြစ်လာစေခဲ့တဲ့ အမေရိကန် အစိုးရရဲ့  ပထမဆုံး  ကြိုးပမ်းခဲ့မှုလည်းဖြစ်ပါတယ်။
 
TMZ သတင်းဌာနဲ့ တွေ့ဆုံစဉ်က ရှေ့နေကြီး Mark Garagos ပြောပြခဲ့တဲ့ ဥပမာတွေကတော့ “I Got High, Blown and Robbed When I Was a Pizza Delivery Guy" ၊ “What It Is Really Like to Let People Finger You in Public”  စတဲ့ ဆောင်းပါးတွေနဲ့ BuzzFedd အင်တာနက်စာမျက်နှာရဲ့  “23 Pictures That Are Too Real If You’ve Ever Had Sex With a Penis" ကဲ့သို့သော စာပေတွေဟာ Snapchat ရဲ့  Discover လုပ်ဆောင်ချက်အနေနဲ့ ၁၉၉၆ခုနှစ် ဆက်သွယ်ရေးယဉ်ကျေးမှုဆိုင်ရာ အက်ဥပဒေ ကိုချိုးဖောက်နေမှုတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်သူက Snapchat အနေနဲ့ အဲဒီလို အကြောင်းအရာ(Content) တွေကို တားမြစ်ခြင်း ၊ သတိပေးခြင်းတွေလုပ်ဆောင် သင့်တယ်လို့လည်း ပြောပြခဲ့ပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.