အမျိုးသမီးအင်္ကျီတွေမှာ ကြယ်သီးတွေက ဘယ်ဘက်မှာရှိနေတဲ့ အကြောင်းရင်း

landscape-1467037055-womens-shirt-buttons.jpg
အမျိုးသားတွေရဲ့ အင်္ကျီမှာ ကြယ်သီးတွေက ညာဘက်မှာရှိပြီး အမျိုးသမီးအင်္ကျီတွေမှာ ကြယ်သီးက ဘယ်ဘက်မှာရှိတာကို သင်သတိထားမိပါသလား။ ကြယ်သီးတွေ ဘယ်ဘက်မှာရှိခြင်းအတွက် ဒီနေ့ခေတ်မှာ လက်တွေ့ကျတဲ့ အကြောင်းပြချက်မရှိပေမဲ့ ၁၈၅၀ ခုနှစ်လောက်ကစခဲ့တဲ့ ဓလေ့ထုံးစံတွေကြောင့်ပဲဖြစ်ပါတယ်။
 
ကလေးနို့တိုက်ရတဲ့အတွက်
 မိခင်တွေမှာ အများစုက ညာသန်တွေဖြစ်ပြီး ကလေးကိုချီတဲ့အခါ ပုံမှန်အားဖြင့် ဘယ်လက်နဲ့ ချီလေ့ရှိပါတယ်။ဒါကြောင့်ကလေးနို့တိုက်ဖို့ ကြယ်သီးဖြုတ်တဲ့အခါ လွတ်နေတဲ့ ညာလက်နဲ့ အလွယ်တကူဖြုတ်နိုင်ဖို့ ဘယ်ဘက်အခြမ်းမှာ ကြယ်သီးတွေတပ်ထားတာ ဖြစ်ပါတယ်။
 
မြင်းစီးဖို့အတွက်
အရင်ခေတ်က အမျိုးသမီးတွေက မြင်းစီင်္းလေ့ရှိပြီး မြင်းစီးတဲ့အခါ ညာဘက်လှည့်ပြီး တင်ပါးလွှဲထိုင်လေ့ရှိပါတယ်။ ကြယ်သီးတွေကို ဘယ်ဘက်မှာတပ်ထားတဲ့အတွက် အင်္ကျီထဲကို တိုးဝင်တဲ့ လေအားကို လျော့စေနိုင်တာကြောင့် အချမ်းသက်သာစေမှာ ဖြစ်ပါတယ်။
 
အထက်တန်းလွှာ အမျိုးသမီးတွေက ကိုယ်တိုင် အဝတ်အစားမဝတ်ကြတဲ့အတွက်
အထက်တန်းလွှာ အမျိုးသမီးတွေကို ညာသန် အစေခံတွေက ကြယ်သီးတပ်ပေးတဲ့အခါ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။
 
အထက်တန်းလွှာ အမျိုးသမီးတွေကို တုပဖို့
သာမန်လူတန်းစားတွေက ကိုယ့်အင်္ကျီကို ကိုယ်တိုင်ဝတ်ဆင်ကြပေမဲ့  အထက်တန်းစားအမျိုးသမီးတွေရဲ့ ဝတ်စုံကို အတုခိုးပြီး ကြယ်သီးကို ဘယ်ဘက်မှာ တပ်ဆင်ပြီး လိုက်ဝတ်ကြတာဖြစ်ပါတယ်။
 
ယောက်ျားတွေက လက်နက်တွေ ကိုင်ထားရတဲ့အတွက်
 အရင်က ယောက်ျားတွေက ညာဘက်လက်မှာ လက်နက်တွေကိုင်ထားကြရတဲ့အတွက် ဘယ်ဘက်လက်နဲ့ ကြယ်သီးဖြုတ်ရတာက ပိုပြီး အဆင်ပြေတာကြောင့် ညာဘက်မှာ ကြယ်သီးတွေကို ထားကြပေမဲ့ မိန်းမတွေအတွက် ဒီလို လုပ်ဖို့ မလိုအပ်လို့ပဲ ဖြစ်ပါတယ်။
 
ပြင်သစ်ဧကရာဇ် နပိုလီယံကြောင့်
 ပြင်သစ်ဧကရာဇ် နပိုလီယံက ယောက်ျားနဲ့ မိန်းမတွေတန်းတူမဖြစ်အောင် မိန်းမတွေရဲ့ အင်္ကျီမှာ ကြယ်သီးတွေကို ဘယ်ဘက်မှာတပ်ရမယ်လို့ အမိန့်ထုတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
 
Ref:seventeen
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.