အလုပ်အကိုင်ပေါ်မူတည်ပြီး ကိုယ်နဲ့ ဘယ်လိုအမျိုးသမီးမျိုး ဖူးစာပါသွားတတ်သလဲ

couple_together.jpg

အမေရိကန်နိုင်ငံသန်းခေါင်စာရင်းဌာနမှ ပြုလုပ်တဲ့ 2014 American Community Survey ရဲ့ အနီးကပ် စစ်ဆေးလေ့လာမှုအပေါ်ကနေ ဘယ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင်ကလူတွေ အတွဲဖြစ်သွားကြလဲဆိုတာ သုတေသီများ ရှာဖွေ့ဖော်ထုတ်ခဲ့ပါတယ်။ ယင်းစစ်တမ်းမှာ စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်တဲ့ အိမ်ထောင်စု ၃.၅ မီလျှံ ပါဝင်ခဲ့ပါတယ်။

၁။ ဝင်ငွေကောင်းတဲ့ အမျိုးသမီးများ သူတို့ စီးပွားရေးအဆင့်တန်းတူသူများနဲ့ အိမ်ထောင်ပြုလေ့ရှိ

အမျိုးသမီး ကျန်းမာရေးဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန်တွေက တခြားဆရာဝန်၊ ခွဲစိတ်ဆရာဝန် သို့မဟုတ် အသိအမှတ်ပြု လတ်မှတ်ရ သူနာပြုစတဲ့ ကျန်းမာရေးနယ်ပယ်က တစ်စုံတစ်ယောက်နဲ့ အိမ်ထောင်ပြုလေ့ရှိကြောင်း ဇယားအရ သိရပါတယ်။ အမျိုးသမီးရှေ့နေတွေဆိုရင်လည်း တခြားရှေ့နေ၊ တရားသူကြီးစတဲ့ နယ်ပယ်တူထဲက ပုဂ္ဂိုလ်တွေနဲ့ ရလေ့ရှိပါတယ်။

၂။ ဝင်ငွေကောင်းတဲ့အမျိုးသားတွေ ဝင်ငွေနည်းအမျိုးသမီးများနဲ့ ညားတတ်

ဆရာဝန်နဲ့ အသိအမှတ်ပြု လက်မှတ်ရ သူနာပြုစတဲ့ နယ်ပယ်တူချင်း အိမ်ထောင်ပြုတဲ့ ဆရာဝန်တွေရှိပေမယ့် ဝင်ငွေနည်းသူတွေကိုလည်း ကြည်ကြည်ဖြူဖြူ အိမ်ထောင်ပြုကြပါတယ်။ ဒုတိယအလိုက်ဖက်ဆုံးအတွဲတွေက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းဆရာမတွေ ဖြစ်ပါတယ်။

၃။ အမျိုးသားနဲ့ အမျိုးသမီး ကချေသည်များ

စိတ်ဝင်စားစရာကောင်းတာက အမျိုးသားကချေသည်တွေက ကချေသည်အပြင် အတွင်းရေးမှူနဲ့ စီမံခန့်ခွဲရေးလက်ထောက်လည်းဖြစ်တဲ့ တခြားအမျိုးသားတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ လက်တွဲဖော်နဲ့ပတ်သက်ရင် အမျိုးသမီးကချေသည်တွေက အစုံကြိုက်ကြပါတယ်။

မိန်းကလေးချင်း လက်တွဲဖော်နဲ့ ပတ်သက်ပြီး အမျိုးသမီးကချေသည်တွေက အမျိုးသမီးရှေ့နေနဲ့ တရားသူကြီးတွေနဲ့  ရတတ်ပါတယ်။ 

Ref: Yourtango  

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.