အကြွေးရှင်တွေက အကြွေးပြန်ရဖို့ အာမခံအဖြစ် ကိုယ်လုံးတီးပုံများပေးရန် တောင်းဆို

1041482606.jpg
တရုတ်ပြည်က ငွေတိုးချေးစားသူများက ငွေချေးသူ အမျိုးသမီးများဆီက အဝတ်မဲ့ ကိုယ်လုံးတီး ဓာတ်ပုံများကို တောင်းဆိုခဲ့တယ်လို့ မကြာမီကဖော်ပြခဲ့တဲ့ သတင်းတွေအရ သိရှိခဲ့ရပါတယ်။ အကြွေးရှင်တွေက ပိုက်ဆံချေးတဲ့ အမျိုးသမီးကျောင်းသူတွေရဲ့ မှတ်ပုံတင် ကတ်တွေအပြင် အကြွေးမဆပ်ခဲ့ရင် လူအများသိအောင် ဖြန့်ဝေဖို့အတွက် ကိုယ်လုံးတီးဓာတ်ပုံတွေပါ ပေးဖို့တောင်းခဲ့တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံတွေနဲ့ အတူ လူသိအောင် ဖြန့်ဝေမယ်လို့ ခြိမ်းခြောက်နိုင်အောင် ဖုန်းနံပါတ်၊ မိဘအမည်၊ အခန်းဖော်တွေရဲ့ ဖုန်းနံပါတ်နဲ့ ကျောင်းမှတ်ပုံတင်စာရင်းက အချက်အလက်တွေ အားလုံးကိုပါ တောင်းထားခဲ့ကြပါတယ်။ သားကောင်အဖြစ်ကျရောက်ခဲ့တဲ့ အမျိုးသမီးတွေထဲက တစ်ဦးက ဒီလိုအခြေအနေကြုံတွေ့နေရတာ သူတစ်ဦးတည်းမဟုတ်ဘဲ အရှက်သိက္ခာကြောင့် ဖွင့်မပြောရဲတဲ့ မိန်းကလေးတွေအများကြီးရှိတဲ့အကြောင်းကို Southern Metropoliton သတင်းစာကို ဖွင့်ဟပြောပြခဲ့ပါတယ်။
 
အဆိုပါကောလိပ်ကျောင်းသူက ငွေတိုးပေးသူဆီက တစ်ပတ်ကို ၃၀%အတိုးနဲ့ ယွမ် ၅၀၀ (၇၆ ဒေါ်လာ)သာ ချေးခဲ့ခြင်းဖြစ်ကြောင်း၊ အတိုးမပေးနိုင်တဲ့အတွက် ငွေထပ်ချေးရင်းနဲ့ အတိုးအရင်းပေါင်းပြီး ယွမ် ၅၅၀၀၀( ၈၃၄၇ ဒေါ်လာ)အထိ အကြွေးတွေတက်လာတယ်လို့ ရှင်းပြပါတယ်။ အမည်မဖော်ပြထားတဲ့ အမျိုးသမီးက သတင်းစာတိုက်ကို ဖွင့်ဟပြောကြားခဲ့ပြီးနောက် ရဲစခန်းကိုလည်း တိုင်ကြားခဲ့ပါတယ်။
 
သူမရဲ့တိုင်ကြားချက်ကို စုံစမ်းနိုင်ဖို့အတွက် ငွေချေးသူယောင်ဆောင်ပြီး ငွေတိုးချေးစားသူနဲ့တွေ့ပြီး ပိုက်ဆံချေးတဲ့အခါမှာ အမျိုးသမီးရဲ့ တိုင်ကြားချက် မှန်ကန်ကြောင်း သက်သေ အထောက်အထား တွေရခဲ့ပါတယ်။ အခုအချိန်မှာတော့ တရားမဝင် ခြိမ်းခြောက်ဖို့ကြိုးစားတဲ့ အတိုးကြီးစားသူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
 
Ref:sputniknews
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.