အသဲ(သည်း)ကွဲ ဒဏ်ရာတွေကိုကုစားပေးနိုင်တဲ့သီချင်းဆယ်ပုဒ်

headphones_music_text_girl_sunglasses_tex_artwork_desktop_1920x1080_hd-wallpaper-1572718__1_-4421.jpg

ဒီနွေရာသီဟာ ပျော်စရာကောင်းတဲ့ရာသီတစ်ခုဖြစ်ရမယ်ဆိုတာသိတယ်။ ဒါပေမဲ့မျှော်လင့်ထားသလိုဖြစ်မလာဘဲကိုယ့်လူနဲ့ခဏတာအဆက်သွယ်ပြတ်လို့၊ လမ်းခွဲလိုက်ရလို့အသဲ(သည်း)ကွဲဝေဒနာခံစားနေရပြီဆိုရင် ဆံပင်တွေကိုညှပ်ပစ်တတ်တဲ့အလေ့အထအစား အောက်မှာဖော်ပြပေးမယ့်သီချင်း (၁၀)မျိုးကိုနားထောင်လိုက်ပါ။ မင်းကိုပြန်လည်ရွှင်လန်းလာစေပြီး စိတ်ဝေဒနာပေးနေတဲ့သူ့ကို ရင်ထဲကနေမောင်း ထုတ်လိုက်နိုင်မှာပါ။

(၁) Katy Perry ရဲ့ fire work

ဒီသီချင်းလေးကတော့ကေတီပယ်ရီရဲ့ဆိုနေကျအချစ်သီချင်းလေးတွေနဲ့ပုံစံကွဲပါတယ်။မိသားစုဆန်တယ်။ ကိုယ့်ကိုယ်ကိုလက်ခံနိုင်စွမ်းရှိလာနိုင်တယ်။ မိန်းကလေးတစ်ယောက်ကအင်အားတွေပိုပြီး ဆုပ်ကိုင်မိစေနိုင်တယ်။ ဆယ်ကျော်သက်အိမ်မက်တွေနဲ့ လုံးဝမတူတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

(၂) Alicia Keys featuring Nicki Minaj ရဲ့'Girl on Fire'

သီချင်းလေးကတော့ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ကကမ္ဘာ့ထိပ်ဆုံး ကိုတောင်ရောက်ရှိနိုင်ပါတယ်။ မုန်တိုင်းလေးတစ်ခုကြောင့်မင်းရဲ့မီးတောက်လေး ခဏတာငြိမ်းသွားနိုင်တယ်။ ဒါပေမဲ့မပူပါနဲ့။ ဒီမီးတောက်လေးကိုမင်းမကြာခင်ပြန်ရမှာဖြစ်ပြီး ဒါကသုံးဆပိုပြီးလောင်ကျွမ်းနိုင်လိမ့်မယ်လို့သီကျူးထားပါတယ်။

(၃) Kelly Clarkson – Stronger (What Doesn’t Kill You)

အမျိုးသမီးတွေရဲ့စိတ်ပျက်စရာအသဲ(သည်း)ကွဲမှုတွေအကြောင်းကို ရေးစပ်ထားတာပါ။ 'မင်းထွက်သွားတဲ့အတွက်ငါတော့ပွဲသိမ်းပြီလို့မဆိုလိုပါဘူး' တဲ့။ ဒီအချက်ကမင်းကိုအနည်းငယ်ကြံ့ခိုင်နိုင်စေမယ်ထင်ပါတယ်။

(၄) Icona Pop (feat.Charli XCX) ရဲ့ I love it

ဖန်စီပုံစံခပ်မိုက်မိုက်သီချင်းလေးပါ။မင်းရဲ့ အသုံးမကျတဲ့အရာတွေကိုအိပ်ထဲစုထည့်ပြီး လှေကားအောက်ကိုပစ်ချလိုက်ပါ ' ဆိုတဲ့စာသားခပ်မိုက်မိုက်လေးတွေ ရေးထား တာပါ။

(၅) Taylor Swift ရဲ့ '22'

အသဲ(သည်း)ကွဲခြင်းကခံစားတတ်ရင်မင်းကိုပျော်ရွှင်စေတယ်၊ လွတ်လပ်စေတယ်၊ ရှုပ်ထွေးစေတယ်၊ တစ်ပြိုင်တည်းမှာပဲအထီးကျန်စေနိုင်ပါတယ်။ ၀မ်းနည်းစရာ ကောင်းသလိုမျက်လှည့်ဆန်တယ်။ ဒါတွေထားလိုက်ပြီး ခပ်မိုက်မိုက်ဝတ်စားလို့ လမ်းထွက်ပါ။လေ့ကျင့်ခန်းလုပ်ပါလို့Taylor Swift က ရေးထားပါတယ်။

(၆) Kate Nash ရဲ့ Merry Happy

ချစ်စရာအကြောင်းအရာလေးတွေရေးထားတာပါ။ငါတစ်ယောက်တည်း နေနိုင်တယ်။ ငါပိုင်တဲ့ ငါ့ရဲ့နေ၀င်ချိန်တွေကို တစ်ယောက်တည်း ကြည့်နေနိုင်တယ်' ဆိုပြီး ရေးဖွဲ့ထားပါတယ်။

(၇) Robyn ရဲ့ Dancing On My Own

ခပ်မြူးမြူးလေးပါ။ ညနေခင်းမှာမင်းရဲ့လူဟာတခြားတစ်ယောက်နဲ့အချိန်ဖြုန်းနေပါစေ၊ပါတီသွားပြီး ကဲလိုက်ပါ။ အဲဒီအတွက်ဆွေးမနေပါနဲ့ဆိုတဲ့သဘောမျိုးလေးပါ။

(၈) Kanye ရဲ့ 'Clique'

မိတ်ဆွေများကိုတန်ဖိုးထားဖို့၊သူတို့အတွက်အချိန်ဖြုန်းဖို့ ရေးသားထား တာပါ။

(၉) Spice Girls ရဲ့ Wannabe

အမျိုးသမီးတွေအတွက်ရေးဖွဲ့ထားတာပါ။ ဘယ်လိုချစ်မယ်၊ဘယ်လိုချိန်းတွေ့ရမယ်၊ ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေပါ။

(၁၀) Ellie Goulding ရဲ့ Anything Could Happen

မင်းဘ၀ကိုချစ်ပါ၊ တန်ဖိုးထားပါ၊ သူငယ်ချင်းတွေကိုတွယ်တာပါ။ အသဲ(သည်း)ကွဲတာကိုခံစားနေဖို့အတွက်မင်းမှာအဲဒီလောက်အချိန်၊ အင်အားနဲ့ မျက်ရည်တွေအဲဒီလောက်ပိုမနေပါဘူး လို့သိစေချင်တာပါ။

ဒီသီချင်းလေးတွေကအသဲ(သည်း)ကွဲသမားတွေအတွက်ပြန်လည်အားတက်လန်းဆန်းလာစေမယ့်သီချင်းလေးတွေပါ။ အားလုံးပဲပျော်ရွှင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။

 

(Ref:marie Claire)

47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.