အလုပ်ရှင်များ မရိပ်မိဘဲ ၁၅ နှစ်နီးပါး အလုပ်ပြေးနေတဲ့ အလုပ်သမား ၂ ဦး

577612ad1900002500218e47.jpeg
စပိန်နိုင်ငံတောင်ပိုင်းမှ အလုပ်သမားနှစ်ယောက်က အလုပ်မတက်ဘဲ လစာယူနေတာကို ၁၅ နှစ် နီးပါးကြာတဲ့အထိ အလုပ်ရှင်တွေက မသိခဲ့ပါဘူးတဲ့။ မကြာမီက စုံစမ်းစစ်ဆေးမှုအရ ဒေသခံအစိုးရ ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ ဥယျာဉ်မှူးနဲ့ ယာဉ်မောင်းတို့က သူတို့ရဲ့ လစာကို မှန်မှန်ထုတ်ခဲ့ကြပေမဲ့ အလုပ်ကိုတော့ လုံးဝရောက်မလာခဲ့တာ တွေ့ရှိခဲ့ကြပါတယ်။ CGT အလုပ်သမားသမဂ္ဂက အဆိုပါ ဝန်ထမ်းနှစ်ဦးက ဆယ်စုနှစ်တစ်ခုခွဲကျော်နီးပါး အလုပ်ကို လုံးဝရောက်ရှိလာခြင်းမရှိပါဘူးလို့ Jerez de la Frontera မြို့တော်ခန်းမက ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ကြပါတယ်။
 
သူတို့နှစ်ယောက်ရဲ့ အလုပ်ပျက်ကွက်မှုအကြောင်း ပေါ်ပေါက်သွားရတာကတော့ အစိုးရ လူ့စွမ်းအားအရင်းအမြစ်ဌာနက ဝန်ထမ်းမှတ်တမ်းတွေကို စစ်ဆေးရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အစမှာတော့ ဝန်ထမ်းတွေကို စစ်ဆေးရေးဝင်နေတဲ့ ဇန်နဝါရီ ၂၀၁၅ ကနေ ၂၀၁၆ မေလအတွင်း သူတို့နှစ်ယောက်က တစ်ရက်မှ  အလုပ်တက်တာကို မတွေ့ရှိခဲ့တဲ့အတွက် ဆက်လက်စုံစမ်းရာကတဆင့် ၁၅ နှစ်ကျော်အတွင်း အလုပ်တက်ရောက်ခြင်း မရှိခဲ့တာကို သိရှိခဲ့ကြတာ ဖြစ်ပါတယ်။
 
ဝန်ထမ်းတစ်ယောက်ကတော့ စုံစမ်းစစ်ဆေးခံရတဲ့ အချိန်မှာ အလုပ်ပြန်တက်ခဲ့ပေမဲ့ နှစ်ယောက်စလုံးကတော့ စည်းကမ်းဖောက်ဖျက်မှုအတွက် စစ်ဆေးမှုတွေရင်ဆိုင်နေရပြီဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက ဒေသခံရဲတပ်ဖွဲ့မှာလည်း သူတို့လို တာဝန်မကျေတဲ့သူအများအပြားရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်တစ်နှစ်လုံးမှာ ၉၆ ရက်ပဲ အလုပ်တက်သူတစ်ယောက်၊ ၆၆ ရက်ပဲ အလုပ်တက်သူနဲ့ ၄၇ ရက်ပဲ အလုပ်တက်သူတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
 
အဲ့ဒီဝန်ထမ်းတွေက အစည်းအဝေးတွေကိုတော့ တက်ရောက်ခဲ့ကြပါတယ်လို့ အခိုင်အမာဆိုခဲ့ပေမဲ့ မှတ်တမ်းတွေအရ အဆိုပါ အစည်းအဝေးတွေက တစ်ခါမှ ကျင်းပခြင်း မရှိခဲ့တဲ့ အစည်းအဝေးတွေဖြစ်ပါတယ်။  နှစ်နှစ်ဆယ်ကျော်ဆက်တိုက် အလုပ်လုပ်ခဲ့တဲ့အတွက် ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတဲ့ ဆောက်လုပ်ရေးဌာနက အလုပ်ကြပ်တစ်ယောက်က ၆ နှစ်ကျော် အလုပ်ကို လာရောက်ခြင်းမရှိခဲ့တာကို ဖော်ထုတ်ပြီး ၅ လအကြာမှာ ဒီအကြောင်းအရာတွေပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။
 
Ref:huffingtonpost
 
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.