ဆီး(ကျင်ငယ်) တွေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမယ့် အိမ်သာ တစ်မျိုးကို သုတေသီတွေ တီထွင်နိုင်ခဲ့

2675e692-df9e-4b2f-9ca4-3835110c29e2-2060x1236.jpeg
သင်ဟာ လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ဖို့ ကုန်ကျစရိတ်တွေအတွက် အာရုံနောက်နေတယ်ဆိုရင်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။ West of England တက္ကသိုလ်မှာ အလုပ်လုပ်နေတဲ့ စပိန် သုတေသီ တွေဟာ လူတွေစွန့်ပစ်လိုက်တဲ့ ဆီး(ကျင်ငယ်) က တဆင့် စွမ်းအင် ထုတ်ယူနိုင်မယ့် ကိရိယာ တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။
 
ဒီ ပါရမီရှင် ပုဂ္ဂိုလ်တွေဟာ ဆန်းသစ်တဲ့ ရောဂါပိုး ဖယ်ရှားရေး စနစ်တစ်ခုကို တီထွင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ သူတို့ဟာ ဘက်တီးရီးယား ဆိုင်ရာ ဇီဝကမ္မဗေဒ နည်းလမ်းကို သုံးပြီး ဆီး တွေကို လျှပ်စစ်ဖြစ်တည်မှု အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သုတေသီတွေဟာ သူတို့ရဲ့  တီထွင်မှု အသစ်ကို ပြီးခဲ့တဲ့နှစ်က ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Glastonbury ဂီတပွဲတော်မှာ စတင် စမ်းသပ် ကြည့်ခဲ့ပါ တယ်။
 
ထို ပွဲတော်ရက်အတွင်းမှာ တစ်နေ့ကို လူတစ်ထောင်ခန့်က သုတေသီတွေ တီထွင်ထားတဲ့ အိမ်သာ ကို အသုံးပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဂီတပွဲတော်သွားရင်း အများသုံး အိမ်သာမှာ အပေါ့သွားရာကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ခဲ့တဲ့သူတွေ အတွက်ကတော့ ဂုဏ်ယူစရာ ဖြစ်ခဲ့မှာပါ။
 
“ ဒီ စမ်းသပ်ပုံစံ (Prototype) မှာပါတဲ့ နည်းပညာဟာ သေးငယ်လှတဲ့ဘက်တီးရီးယား လောင်စာ ဆဲလ်(Microbial Fuel Cells) တွေ ကို အခြေခံထားတာပါ။ အဲဒီ နည်းပညာ ဘက်ထရီတွေလိုပဲ Anode နဲ့ Cathode တစ်ခုစီ ရှိပါတယ်။ ကျွန်တော်တို့ရဲ့  ပရောဂျက်ဟာ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်ပြီး သန့်စင်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ပိုမိုတိုးတက်စေချင်တဲ့ မျှော်မှန်းချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။” လို့ သုတေသီတစ်ဦးဖြစ်တဲ့ Irene Merino က ဆိုပါတယ်။
ဒီသုတေသန အသေးစိတ်ကိုတော့ ဒီနှစ်ထဲမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Environmental Science: Water Research and Technology ဆိုတဲ့ ဂျာနယ်ထဲမှာ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.