Leonardo နဲ့အတူ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းရိုက်ကူးရတဲ့ အတွေ့အကြုံတွေကို ပြောပြလာတဲ့ Margot Robbie

the-wolf-of-wall-street_73ed911.jpg
ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတာ ဘယ်လောက်ထိ အာရုံနောက်ဖို့ ကောင်းတယ်ဆိုတာ လူတိုင်းသိမှာပါ။ အိပ်ယာပေါ်မှာ အနမ်းချင်း ဖလှယ်ရင်း အနက်ရောင်မြင်ကွင်းကို ပြောင်းလဲပေးလိုက်တဲ့ ဇာတ်ဝင်ခန်းမျိုးကို ပြောချင်တာ မဟုတ်ပါဘူး။ “Wolf of Wall Street” ဇာတ်လမ်းထဲကလို ရမ္မက်ပြင်းထန်တဲ့ ဇာတ်ဝင်ခန်းမျိုးကို ဆိုလိုတာပါ။
 
ဟောလီးဝုဒ် မင်းသမီး Margot Robbie ရဲ့  ပြောကြားချက်အရတော့ တစ်ကယ် အာရုံနောက်ဖို့ ကောင်းပါတယ်။ အသက် ၂၆ နှစ်အရွယ်မင်းသမီး Margot Robbie က ၀ါရင့်သရုပ်ဆောင် Leonardo DiCaprio နဲ့အတူ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းရိုက်ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး Vanity Fair မဂ္ဂဇင်းမှာ ပြောပြခဲ့ပါတယ်။
 
“ကျွန်မ အရင်က ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေ မရိုက်ကူးခဲ့ဖူးပါဘူး။ ကျွန်မ သရုပ်ဆောင်ဖူးတာက ချစ်တင်းနှောဖို့ ကြိုးစားနေတဲ့ ဇာတ်ဝင်ခန်းနဲ့ ချစ်တင်းနှောပြီးသွားလို့ စကားပြောနေတဲ့ ဇာတ်ဝင်ခန်းမျိုးတွေပါ။ Wolf of Wallstreet ထဲက  ဇာတ်ဝင်ခန်းက ကျွန်မ အတွက် ပထမဆုံးပါ။  လူတွေ အများကြီးက သင့်ကို ကြည့်နေကြတယ်။ အဲဒါဟာ ရွေးချယ်ခွင့်မရှိပါဘူး။ အဲဒါဟာ သင်လုပ်ဖို့ လိုအပ်တဲ့ အရာပါပဲ။  သင်လုပ်လိုက်မှပဲ မကြာခင်မှာ သင်အဲဒါကို ရပ်နားလိုက်နိုင်မှာပါ” လို့ Margot Robbie က ပြောပြထားပါတယ်။
 
သူမရဲ့  ပြောကြားချက်အရတော့ သူမဟာ သြစတြေးလျ ကနေ အမေရိက ကို ပြောင်းရွှေ့လာတဲ့အခါမှာ အမေရိက မှာရှိတဲ့သူတွေဟာ ရုပ်ရှင်ထဲက လူတွေနဲ့ တူညီနေတာများတာကို တွေ့ရှိခဲ့ပြီး အမေရိက ရဲ့  နေထိုင်မှုဟာ ရုပ်ရှင်ထဲကအတိုင်းဖြစ်နေတာကို သတိထားမိခဲ့တာကြောင့် ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေကိုပါ ရိုက်ကူးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
 
“The Wolf of Wall Street” ဇာတ်လမ်းဟာ Margot ကို ဟောလီးဝုဒ်မှာ နေရာတစ်နေရာ ရလာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ အခုလည်း ပရိသတ်တွေ စောင့်မျှော်နေတဲ့ “Suicide Squad” ဇာတ်လမ်းထဲမှာ Harley Quinn အဖြစ် Margot Robbie ကို ဆက်လက်မြင်တွေ့ရဦးမှာပါ။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.