သင့်အိမ်က ဒီပစ္စည်း အသုံးအဆောင် (၈)မျိုးဟာ လဲလှယ်ပေးဖို့ တကယ်လိုအပ်နေတဲ့ အရာများသာဖြစ်

72f1f306_dscf0016.xxxlarge_2x.jpg
လတွေတစ်လပြီးတစ်လ ကုန်ဆုံးသွားပြီဆိုတာနဲ့ အဟောင်းနေရာမှာ အသစ်ကို အစားထိုးကြရစမြဲပါ။ ဟုတ်ပါတယ်၊ ခုလည်း သင့်အိမ်မှာ တစ်ချို့အရာတွေကို လွှင့်ပစ်ပြီး အသစ်တွေနဲ့အစားထိုးရမယ့် အချိန်ရောက်ပြီလို့ မှတ်လိုက်ပါ။ ပြီးတော့ အစားထိုးရမယ့်အရာတွေကို ဖတ်ကြည့်လိုက်ပါဦး။
 
၁။ ကြော်လှော်ချက်ပြုတ်နေကျ လက်ကိုင်ပါ ဒယ်အိုးအပြား 
သင့်အိမ်နောက်ဖေး မီးဖိုချောင်ထဲက သင်အမြဲအသုံးပြုနေကျ လက်ကိုင်ပါ ဒယ်အိုးအပြား အဟောင်းကို လဲလှယ်ပစ်ရပါလိမ့်မယ်။ ဒီအရာတွေဟာ တစ်ခုတည်းကို ကြာရှည်သုံးဖို့ မသင့်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ရမှာပါ။ မဟုတ်ရင်တော့ သင့်ဒယ်အိုးအပြားဟောင်းကနေ အစားအစာထဲကို ဓာတုပစ္စည်းတွေ စိမ့်ဝင်သွားလိမ့်မယ်ဆိုတာ မယုံမရှိပါနဲ့။
 
၂။ သွားတိုက်တံ
သွားတိုက်တံဆိုတာ ပုံမှန်လဲလှယ်ပေးသင့်တဲ့အရာပါ။ အနည်းဆုံး သုံးလတစ်ခါ အသစ်လဲလှာ်ပေးသင့်တာမို့ သွားကျန်းမာရေး ဂရုစိုက်ရာလည်း ရောက်တာမို့ ခုပဲ လဲလှယ်လိုက်ပါ။
 
၃။မိတ်ကပ်
တစ်ခါတစ်လေ ၀ယ်ထားပြီး မသုံးဖြစ်တဲ့ မိတ်ကပ်တွေရှိရင် ဒါတွေကို သံယောဇဉ်တွယ်ပြီး သုံးလည်းမသုံးဖြစ်၊ တစ်ချိန်သုံးဖြစ်မလားဆိုပြီး မှန်တင်ခုံပေါ် ဆက်တင်ထားတတ်ပါတယ်။ မိတ်ကပ်က အရမ်းကြာသွားရင် အသားအရေကို ပျက်စီးစေတတ်တာ အားလုံးအသိပါ။ သင့်အသားအရေအတွက် ဆိုးကျိုးတွေ မဖြစ်ခင် ပစ်သင့်တာကို ပစ်လိုက်တာ အကောင်းဆုံးပါပဲ။
 
၎။ မျက်ကပ်မှန်
မျက်လုံးကျန်းမာရေးအတွက် မျက်ကပ်မှန်ကို အနည်းဆုံး သုံးလတစ်ကြိမ် အသစ်ဝယ်သင့်ပါတယ်။
 
၅။ပန်းကန်ဆေးရေမြှုံအဖတ်
ဘက်တီးရီးယားပိုးတွေ ကိန်းအောင်းနေတတ်တဲ့ ပန်းကန်ဆေးရေမြုံဖော့တုံးလေးတွေကလည်း သင်မကြာခဏဆိုသလို လဲလှယ်သုံးသင့်တဲ့အရာပါ။ ဒီတော့ နှစ်ပတ်တစ်ခါမဟုတ်ရင်တောင် တစ်လတစ်ခါတော့ အနည်းဆုံးလဲလှယ်ပေးသင့်ပါတယ်။
 
၆။ အိမ်သာဆေးဘရက်ရှ်
အိမ်သာဆေးဘရက်ရှ်ကိုလည်းပုံမှန် လဲပေးသင့်တယ်လို့ ပြောရင် သင်က မလိုပါဘူးလို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဘရက်ရှ်မှာလည်း အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ဘယ်လောက်ရှိနေမယ်ဆိုတာ သင်မှန်းတောင် မမှန်းဆနိုင်ပါဘူး။ ဒီတော့ သင် ဒီဘရက်ရှ်ကို ဘယ်လောက်အသုံးပြုတယ်ဆိုတာကို မူတည်ပြီး ဘယ်နှစ်လတစ်ကြိမ်လဲသင့်တယ်ဆိုတာကို ဆုံးဖြတ်ပါ။ အနည်းဆုံးတော့ ခြောက်လတစ်ကြိမ်လဲပေးဖို့ လိုပါတယ်နော်။
 
၇။ ခေါင်းအုံး
သင်နေ့တိုင်း အုံးနေကျ ခေါင်းအုံးကိုလည်း အနည်းဆုံး ၁၈လတစ်ကြိမ်လပေးသင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ခေါင်းအုံးတွေမှာ ဘက်တီးရီးယားတွေ၊ ဆဲလ်အသေတွေ အမြဲရှိနေတတ်ပါတယ်။ ဒီတော့ အသားအရေအတွက် ကာကွယ်ရာရောက်အောင် အနည်းဆုံးပုံမှန်လဲလှယ်ပေးဖို့ တိုက်တွန်းပါရစေ။
 
၈။ လေ့ကျင့်ခန်းသုံး ရှုးဖိနပ်များ
သင် အပြေးလေ့ကျင့်တဲ့အခါသုံးတဲ့ sneaker တွေဆိုရင် သင်ဘယ်နှစ်မိုင်ပြေးပြီးပြီလဲဆိုတာပေါ် မူတည်ပြီး လဲလှယ် သင့်ပါတယ်။ မဟုတ်ရင် ခြေထောက်ကျန်းမာရေးအတွက် ပြသနာတွေ ဖြစ်စေပါလိမ့်မယ်။
 
Ref:popsugar
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.