ချွေးထွက်တတ်တဲ့သူတွေ လုံးဝမဝတ်ဆင်သင့်တဲ့ အရောင်က ဘယ်အရောင်များလဲ

20157poster.jpg

အနက်ရောင်က ပူလောင်အိုက်စပ်တဲ့ နွေရာသီအချိန်မျိုးမှာ လုံးဝ မဝတ်ဆင်သင့်တဲ့ အရောင်အဖြစ် လူအများစု နားလည်ထားကြပေမယ့် ထိုအရောင်က အဆိုးဆုံးရွေးချယ်စရာအရောင် မဟုတ်သေးပါဘူး။ အနက်ရောင်က အပူစုပ်ယူတာ ကျွန်ုပ်တို့ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာ ချွေးတွေထွက်တဲ့အချိန်မျိုးမှာ အနက်ရောင်က သင့်အတွက် ပြသနာမဟုတ်ပါဘူး။ 

ဒီတော့… ကား၊ ရထားဖြင့် ပူလောင်အိုက်စပ်တဲ့ ခရီးဝေးသွားမယ်ဆိုရင် လုံးဝ ရွေးချယ် မဝတ်ဆင်သင့်တဲ့ အရောင်က ဘာအရောင်ဖြစ်မလဲ။ အများစုယုံကြည်လက်ခံထားတာနဲ့ ဆန့်ကျင်ဘက်ကျတဲ့ မီးခိုးရောင်ပဲ ဖြစ်ပါတယ်။ အနက်ရောင်တွေက ချွေးတွေ မမြင်သာအောင် ဖုံးကွယ်ပေးနေချိန်မှာ မီးခိုးရောင်လို အရောင်ဖျော့တွေဟာ လုံးဝ သည်းမခံနိုင်စရာ မရှိအောင် ပြသနာပေးတတ်ပါတယ်။ အပူချိန် ၉၀ ဒီဂရီလောက်မှာ အပြင်ထွက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ချွေးထွက်မှာပါပဲ။ ဆိုတော့ ချွေးတွေ မမြင်သာအောင် ဖုံးကွယ်ပေးမယ့် အဝတ်အစားမျိုး ရွေးချယ်ဝတ်ဆင်တာ အကောင်းဆုံးပါပဲ။  

Ref: Shefinds 

21 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.