ရည်းစားဟောင်းကို လွမ်းဆွတ်နေမယ့်အစား ဒီအချက် (၈) ချက်ကိုသာ လုပ်ဆောင်ရန်လို

single_20.jpg

ချစ်သူရည်းစားနဲ့ လမ်းခွဲလိုက်ပြီးကတည်းက စိတ်ဓာတ်တွေလည်းကျ၊ သူ့ကိုပဲ ပြန်လိုချင်နေသလိုလို၊ ကိုယ့်ဆုံးဖြတ်ချက်တွေပဲ မှားသွားသလိုလို တွေဝေစိတ်ပျက်နေမယ့်အစား သင်တကယ်လုပ်သင့်တာက ဒီ အချက် (၈) ချက်တည်းပါပဲ။

၁။ချစ်သူဘ၀က မလုပ်ခဲ့ရတဲ့ သင့်ဝါသနာအတွက် အချိန်ပေးပါ။

ရည်းစားရှိနေတုန်းက သူနဲ့တွေ့နေရလို့၊ ကိုယ့်အလုပ်အပြင် ကိုယ်ဝါသနာပါတဲ့ အရာလေးတွေကို လုပ်ဆောင်ဖို့ အချိန်မပေးနိုင်ခဲ့ဘူး ဆိုရင် အဲ့ဒီအရာတွေ လုပ်ဆောင်ဖို့ ခုအချိန်ကောင်းပါပဲ။ သင်ဝါသနာပါရာကို တစ်စိုက်မတ်မတ်လေးလုပ်ဆောင်နိုင်ပြီမို့ လမ်းခွဲသွားတဲ့ ချစ်သူကိုတောင် ကျေးဇူးတင်ရဦးမယ်နော်။

၂။ သူ့ဖုန်းနံပါတ်ကို ဘလော့ပစ်လိုက်ပါ။

သံယောဇဉ်တွယ်ပြီး သူများ ဖုန်းခေါ်မလားဆိုတဲ့ စိတ်နဲ့ ဖုန်းကို တကြည့်ကြည့်လုပ်နေမယ့်အစား စိတ်ကိုဖြတ်ပြီး သူ့ဖုန်းနံပါတ်ကို ဘလော့ပစ်လိုက်ဖို့ ပြောပါရစေ။ ဖုန်းနံပါတ်ကိုလည်း ဖြစ်နိုင်ရင် အမြန်ဆုံးမေ့နိုင်အောင် ကြိုးစားပေါ့။

၃။မိတ်ဆွေအပေါင်းအသင်း သစ်တွေ ရှာပါ။

အပြောင်းအလဲတစ်ခု ဖြစ်ဖို့ဆိုရင် သင်ကျင်လည်တဲ့ ပတ်ဝန်းကျင် ပြောင်းလဲဖို့ လိုပါတယ်။ ဒီတော့ ကိုယ်မသွားဖူးတဲ့ နေရာမျိုးတွေ သွားပြီး မိတ်ဆွေသစ်တွေ၊ အပေါင်းအသင်းသစ်တွေ ရှာဖွေပါ။ 

၎။ ရည်းစားဟောင်း သူငယ်ချင်းတွေနဲ့လည်း ဖြစ်နိုင်ရင် ဆက်မပေါင်းပါနဲ့။

ဘယ်လိုပဲဖြစ်ဖြစ်  ရည်းစားဟောင်းအကြောင်းတွေ ပြန်သယ်လာပေမယ့် သူ့သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် သင်လည်း စကားပြောဆိုရတဲ့အခါ စိတ်သက်သာရာရမှာ မဟုတ်လို့ပါ။

၅။ သူနဲ့ပတ်သက်တဲ့အရာမှန်သမျှ ရှင်းလင်းပစ်ပါ။

အိပ်ခန်းထဲက ဓာတ်ပုံတွေပဲဖြစ်ဖြစ်၊ သင့် password နံပါတ် တစ်ခုခုပဲဖြစ်ဖြစ်၊ လက်ဆောင်ပစ္စည်းတွေပဲဖြစ်ဖြစ် အားလုံးကို ရှင်းလင်းပစ်လိုက်ဖို့ အချိန်ဆိုတာ မမေ့ပါနဲ။

၆။လုပ်ချင်ပေမယ့် မလုပ်ရတဲ့ အရာတွေကို လုပ်ဆောင်ပါ။

ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး၊ မိတ်ကပ်အပြင်အဆင်ပိုင်းနဲ့ပတ်သက်ပြီး ရည်းစားဟောင်းနဲ့တုန်းက မလုပ်ခဲ့ရသမျှ ခုလုပ်ဆောင်လို့ရပြီလေ။ ဆံပင်ပဲဆိုးမလား၊ ကိုယ်ကြိုက်တဲ့ အ၀တ်အစားတွေပဲ ရွေးချယ်ဆင်မြန်းမလား အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်ကြီးပါပဲ။

၇။ ခရီးတွေထွက်ပါ။

တစ်ယောက်တည်း ခရီးထွက်ဖို့ အဆင်မပြေရင် သူငယ်ချင်းတွေနဲ့အတူ စိတ်လက်ပေါ့ပါးသွားစေမယ့် ခရီးတွေ စီစဉ်ပြီးသွားပါ။ ခရီးသွားခြင်းဟာ သင့်စိတ်ထဲ ခံစားနေရတဲ့ အပူအပင်တွေ မေ့လျော့သွားစေပါလိမ့်မယ်။ ဒါ့အပြင် လူသစ်စိတ်သစ် ဖြစ်သွားဖို့လည်း ကူညီနိုင်ပါတယ်။

၈။ စာမျက်နှာသစ်ဖွင့်ဖို့ အချိန်ကောင်းရောက်ပြီလို့ နှလုံးသွင်းထားပါ။

သင့်ဘ၀အတွက် အပြောင်းအလဲတစ်ခုကို ပြုလုပ်ချိန်မို့ ခက်ခဲမှာ မှန်ပေမယ့် ဒါဟာ ဘ၀စာမျက်နှာ အသစ်ဖွင့်ရမယ့်အချိန်ဆိုတာ မမေ့ပါနဲ့။ ဘ၀တစ်ဆစ်ချိုးမှာ အရှုံးနဲ့မနေပဲ ခုခံစားရတဲ့ နာကျင်မှုတွေကို အားအဖြစ်ယူပြီး ကိုယ့်အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်လမ်းကို ဖောက်လိုက်ပါ။ 

Ref:yourtango

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.