BlackBerry Classic မော်ဒယ်လ်ကို အပြီးပိုင် ဖျက်သိမ်းတော့မယ်

blackberry-to-kill-off-classic-model-with-keyboard.jpg

မကြာမီမှာ keypad အသင့်ပါ BlackBerry Classic ဖုန်း ဝယ်ယူလို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ BlackBerry က touchscreen စမတ်ဖုန်းမပေါ်မီ နှစ် ၂၀ ဝန်းကျင်က ရှိနေခဲ့တာဖြစ်ပါတယ်။

QWERTY keys ဟောင်းတွေ အသုံးပြုထားတဲ့ အဲဒီစက်ကို ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။ BlackBerry အကြီးတန်း ကုမ္ပဏီအရာရှိနဲ့ မန်နေဂျာချုပ်ဖြစ်သူ Ralph Pini က ပြောင်းလဲချိန်တန်ပြီ လို့ သူ့ ဘလော့မှာ ဖော်ပြရေးသားထားတယ်။

Classic က ယနေ့ ဈေးကွက်အတွင်း စမတ်ဖုန်းတစ်ခုအတွက် ပျှမ်းမျှသက်တမ်း ကျော်လွန်ခဲ့တာ ကြာပါပြီ။ အပြောင်းအလဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ ဒီတော့ ဝယ်ယူအားပေးသူတွေကို ပိုကောင်းတာ ပေးနိုင်ပါမယ်လို့ Pini က ဖော်ပြထားပါတယ်။

BB 10 operating system ဖြင့် မောင်းနှင်လည်ပတ်မယ့် BlackBerry 10 နဲ့ Android စက်တွေကို ဆုံးဖြတ်ထားခဲ့ပြီလို့ Pini က ဆိုပါတယ်။ Classic မော်ဒယ်လ်ကို စတိုးဆိုင်နဲ့ အွန်လိုင်းမှာ အခုချိန်အထိ ရရှိနေဆဲဖြစ်ပါတယ်။

BlackBerry က ကနေဒါပိုင်နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ယခင်က Research in Motion အဖြစ်နဲ့လည်း သိရပါတယ်။ BlackBerry ဟာ Samsung အပါအဝင် Apple နဲ့ ဂူဂဲလ်ရဲ့ android ဆော့ဖ်ဝဲလ်ဖြင့် လည်ပတ်တဲ့ ဖုန်းတွေရဲ့ လွှမ်းမိုးမှုခံထားရပါတယ်။ 

Ref: upi 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.