အလုပ်ရှုပ်နေလို့ အချစ်ရေးတိတ်ဆိတ်နေတာပါလို့ပြောပြလာတဲ့ အိချောပို

13617625_1767272403531670_1053859393_n.jpg

မတူတဲ့ဇာတ်ရုပ် ကွဲပြားတဲ့ကာရိုက်တာနဲ့ပရိသတ်အမြင်ဆန်းစေမဲ့ ဇာတ်ကားတွေကိုသာ အဓိက ထားရွေးချယ်ရိုက်ကူးဖြစ်တယ်လို့ပြောပြလာသူကတော့အိချောပိုပါ။ ၂၀၁၆ထဲမှာ ဗီဒီယိုရိုက်ကူးမှုနဲ့ကားကြီးရိုက်ကူးမှုကမျှနေသလို အရိုက်နည်းတဲ့ ကာရိုက်တာမျိုးကိုသာရွေးချယ်ရိုက်ကူးဖြစ်နေတဲ့ အိချောပိုက ကားကြီးတော်တော်များများ ရိုက်ကူးထားတဲ့အကြောင်းကို ပြောပြလာပြန်လာပါတယ်။ ဒါ့အပြင် ဇာတ်ကားရိုက်ကူးမှုတွေကိုပဲ အားတက်သရော အချိန်ပေးဖြစ်နေတဲ့အတွက် အချစ်ရေးနဲ့ပတ်သက်ပြီး တိတ်ဆိတ်နေတာပါလို့ပြောပြလာတဲ့သူမရဲ့ လက်ရှိမှာရိုက်ကူးနေတဲ့ ကြွေဆိုတဲ့ရုပ်ရှင်ကားကြီးအကြောင်းကိုမေးမြန်းပြောဆိုဖြစ်တဲ့အခါ

"အခုရိုက်နေတဲ့ ကားလေးက ကြွေတဲ့။ ဆရာကြီးမင်းလူရဲ့ ၀တ္ထုပြောတိုင်းယုံတဲ့ ပုတ်သင်ညိုဆိုတဲ့ကားကို ပြန်ရိုက်ထားတာပါ။ မင်းသားက လွှမ်းပိုင်ပါ။ ဒါရိုက်တာကကိုသားညီပေါ့။ လွှမ်းပိုင်နဲ့ရိုက်ရတာ အခက်အခဲတော့မရှိဘူး။ တက္ကသိုလ်ကားဖြစ်တဲ့အတွက် Outdoor တွေများတယ်။ အလှဆင်းန်လေးတွေ များတဲ့အတွက် ရာသီဥတုကိုပဲ တစ်ချက်ကြည့်ပြီးရိုက်နေရတယ်။ ကိုလွှမ်းပိုင်ကလဲ အဆိုတော်ဆိုပေမဲ့ သူတာဝန်ယူထားတဲ့အပိုင်းကို ကြိုးစားပြီးရိုက်ကူးနေတာမျိုးတွေ့ရပါတယ်။ ဒီကားထဲမှာ ကောင်မလေးက တက္ကသိုလ်က Queen ပေါ့။ အိချော ကို ကောင်လေးတွက ၀ိုင်းကြိုက်ကြတယ်။ ကောင်မလေးကလဲ ချေတာပေါ့နော်။ သင်ခန်းစာတွေပေးတယ်။ အဲ့ဒီလို ကာရိုက်တာမျိုးကိုသရုပ်ဆောင်ရတာပါ။ ဒီကားအတွက်တော့ ကိုမျိုးမင်းစိုးတစ်ကားလုံးစာအတွက်မြန်မာဝတ်စုံတွေ စီစဉ်ပေးတယ်။ ဖန်စီအခန်းတွေအတွက်ကတော့ ရယ်ဒီမိတ်တွေဝတ်တယ်။ ပွဲတက်အတွက်ကတော့ ကိုမင်းသက်စံချုပ်ပေးပါတယ်။"လို့ သူမက ပြည့်ပြည့်စုံစုံ ပြောပြသွားပါတယ်။ 

၂၀၁၆ထဲမှာ ကားကြီးနဲ့ဗီဒီယိုမျှအောင်ရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလဲ သူမက "အခုရိုက်နေတဲ့ကြွေကားကြီးနဲ့ပါဆို ကားကြီးကတော်တော်များပြီ။ ဗီဒီယိုတွေလဲရိုက်ဖြစ်တယ်။ ကားကြီးနဲ့ဗီဒီယိုကတော့ ၂၀၁၆ထဲမှာမျှပါတယ်။ ဒါပြီးရင်လဲဗီဒီယိုပြန်ဝင်ဦးမှာဆိုတော့ ပိုရိုက်ထားတယ်ဆိုတာမျိုး မရှိဘူး။ ဗီဒီယိုပြီးရင်တော့ ကားကြီး၂ကားပြန်ဝင်မယ်။ ပုပ္ပါးမှာတစ်ကား၊ ပြင်ဦးလွင်မှာတစ်ကားပါ။ အဲ့ဒါက တစ်ကားက ဒါရိုက်တာကဦးဆာမိနဲ့မင်းသားကိုထွန်းထွန်းပေါ့။ နောက်တစ်ကားကကျတော့ ဒါရိုက်တာကဦးမိုးဦး၊ မင်းသားကအောင်ရဲလင်းနဲ့ပါ"တဲ့။

တန်းစီစနစ်အပေါ် ကြိုတင်ပြင်ဆင်မှုများနဲ့ပတ်သက်ပြီးတော့ " နောက်တော်တော်ကြာမှ ရုံတင်မှာဆိုတော့ အ၀တ်အစားကို အရမ်းကြီးဆန်းပြီးထွင်ဝတ်လို့လဲမဖြစ်ပြန်ဘူး။ အခုချိန်မှာဆန်းနေပေမဲ့ အဲ့ဒီအချိန်ကျရင်ပေါကြောင်ကြောင်ကြီးဖြစ်သွားမှာကိုလဲ စိုးရိမ်ရတယ်။ အဲ့ဒီတော့ သမရိုးကျလေးနဲ့အရမ်းလဲ မရိုင်းသွားအောင်ဝတ်ရတာပေါ့နော်။ ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ဒီဇိုင်းလေးတွေကိုပဲ ရွေးဝတ်ရတာပေါ့။ အိချောကတော့ ရိုက်ထားတဲ့ကားတွေကို မြန်မြန်တင်စေချင်တဲ့အတွက်ရုံပြိုင်ကိုတော့သဘောကျတယ်။ ဒါပေမဲ့ ပရိုဂျူဆာတွေဖက်ကကြည့်မယ်ဆိုရင်လဲတန်းစီကပဲအဆင်ပြေတယ်ဆိုတော့ တစ်ခုလဲကောင်းသလိုတစ်ခုကျတော့လဲမကောင်းပြန်ဘူးပေါ့။"လို့သူမက ဆိုပါတယ်။

တိတ်ဆိတ်နေတဲ့အချစ်ရေးအပေါ် သုံးသပ်ချက်တွေကိုလဲ သူမက "အိချောလဲ အလုပ်တွေရှုပ်နေလို့အချစ်ရေးဖက်ကို မလှည့်ဖြစ်သေးတာပါ"လို့ပွင့်လင်းစွာပြောပြသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.