ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်တွင်းဖြစ် ဆော့ ဖန်တီးချင်ရင်

ketchup-homemade.jpg

နာမည်ကြီး အသင့်လုပ်ပြီးသား အစားအစာတွေထဲ ဆော့အချဉ်ရည်/စားမြိန်ရည်က တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆော့အချဉ်ရည်က နောက်ပိုင်းမှာ အငြင်းဖွယ် အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။ စတိုးဆိုင်ကနေ ဝယ်ယူရရှိတဲ့ ဆော့တွေက စိုးရိမ်စရာ ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တယ်လို့ သက်သေအထောက်အထားတွေ များပြားလာပါတယ်။ များသောအားဖြင့် သကြားရည် များပြားသည့်အပြင် အရသာ ပိုကောင်းစေတဲ့ အရသာတိုးဆေးများစွာတွေ စတဲ့ ပါဝင်ပစ္စည်းတွေ ကြောင့်ဖြစ်ပါတယ်။

စီးပွားဖြစ်ထုတ်လုပ်ဖြန့်ချီတဲ့ အမျိုးအစားတွေမှာ သကြားပြည့်သိပ်နေတဲ့အချက် ဖြစ်ပါတယ်။ စားသုံးတဲ့အခါ သွေးထဲသကြားဓာတ်ပါဝင်မှု အမြင့်ဆုံးထိဖြစ်စတဲ့အကြောင်းအရင်း ဖြစ်ပါတယ်။ ဒီ့အပြင် သူတို့မှာ အာဟာရတန်ဖိုးစစ်စစ် မရှိတော့ပါဘူး။

သကြားရည် HFCS ကို အဆင့်မြင့်သန့်စင်ထားတဲ့ သကြားဓာတ်ဆိုတာ အများစုမသိကြပါဘူး။ သကြားထက် ဈေးသက်သာပြီး အစားအစာတွေကြာရှည်ခံစေဖို့ အများဆုံး အသုံးပြုထားပါတယ်။ ဒါတွေကြောင့် သင်ကြိုက်နှစ်သက်တဲ့ ဒီအစားအစာကို စွန့်လွှတ်စရာ မလိုပါဘူး။ အာဟာရပြည့်ဝတဲ့ ခရမ်းချဉ်သီးရဲ့ အကျိုးကျေးဇူးအများဆုံးရရှိအောင် တစ်ခုခုဆောင်ရွက်နိုင်ပါတယ်။ သင့်ကိုယ်ပိုင် ဆော့ ဖန်တီးပါ။

ပါဝင်ပစ္စည်းများ

အော်ဂဲနစ် ခရမ်းချဉ်သီးနစ် (၁) ခွက်

ရေခွက်ဖြင့် ၄ပုံ ၁ပုံ

မစစ်ထုတ်ရသေးတဲ့ သဘာဝပန်းသီး ရှာလကာရည် ထမင်းစားဇွန်း (၁) ဇွန်း

သဘာဝပျားရည် ထမင်းစားဇွန်း (၁) ဇွန်း

ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း

မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း

လမ်းညွှန်ချက်

ပါဝင်ပစ္စည်းအားလုံး ပန်းကန်တစ်ခုထဲ ရောစပ်ပေးလိုက်ရုံပါပဲ။  

Ref: HFT 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.