Road Trip တစ်ခု မစတင်မီ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာများ

roadtrip.jpg
ကိုယ်တိုင် ကားမောင်းပြီး ခရီးသွားရတဲ့ အရသာ ဟာ ဘာနဲ့ မှ မလဲနိုင်ပါဘူး။ သင်ဟာ ကျယ်ပြန့်လှတဲ့ အဝေးပြေးလမ်းမ ကြီး ကို ဦးတည်လိုက်ပြီဆိုတာနဲ့ လွတ်လပ်တဲ့ ခံစားချက်တွေကို စတင် ခံစားရမှာပါ။ ချစ်သူရည်းစားနဲ့ အတူသွားမယ်ဆိုရင်လည်း သင်တို့ အချစ်ရေး ရဲ့  အကောင်းဆုံး အမှတ်တရ တွေဟာ အဲဒီ အဝေးပြေးလမ်းမကြီးပေါ်မှာ ရှိလာမှာပါ။ ဒါပေမယ့်လည်း အဝေးပြေးခရီးစဉ်(Road Trip) တစ်ခုမှာ ဦးဆောင်တဲ့ သူဟာ လိုအပ်တာတွေကို ပြည့်စုံအောင် မစီစဉ်ထားတဲ့အခါမှာ ဘေးက လိုက်လာတဲ့သူတွေကို စိတ်ပျက်စေနိုင်ပါတယ်။ အဲဒီကတဆင့် Road Trip တစ်ခုဟာ သင်တို့ရဲ့  အချစ်ရေးကို ပါထိခိုက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်မှုတွေမဖြစ်စေပဲ ပိုမိုကောင်းမွန်တဲ့ အချစ်ရေးတစ်ခုဖြစ်လာစေဖို့ Road Trip မစခင် ပြင်ဆင်ထားသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ စားစရာတွေ ကြိုတင်ထုတ်ပိုးထားပါ
ခရီးသွားနေရင်းနဲ့ ဗိုက်ဆာလာတာဟာ အာရုံနောက်စရာပါ။ ဒါကြောင့် စတင်မထွက်ခွာခင်မှာ ကောင်းမွန်တဲ့ အစာပြေအစားအစာ တွေနဲ့ ပေါ့ပေါ့ပါးပါး အစားအစာ တွေကို ပြင်ဆင်ဖို့ အချိန်နည်းနည်းပေးလိုက်ပါ။ ခရီးသွားတဲ့အခါ ဗိုက်ဆာတာကတော့ ထုံးစံပါပဲ။ ထိုင်နေရတယ်ဆိုပေမယ့်လည်း အကွာအဝေးများစွာကို ဖြတ်သန်းသွားရတာကြောင့် အခုလို စားစရာတွေ ပြင်ဆင်လာခြင်းအားဖြင့် လမ်းမှာ ခဏခဏ ရပ်နေစရာ မလိုတော့ပါဘူး။
 
၂။ ယာဉ်မောင်းတာဝန် ကို ခွဲဝေပါ
ခရီးစဉ်ကို စီမံကိန်းရေးဆွဲထားပြီး ဘယ်သူက ခရီးစဉ်ရဲ့  ဘယ်အပိုင်း ကို မောင်းနှင်မယ်ဆိုတာကို သတ်မှတ်ထားပါ။ သင့်အနေနဲ့ တစ်ယောက်တည်းမောင်းနိုင်တယ်ဆိုပေမယ့်လည်း ခရီးစဉ်ကို အစိတ်အပိုင်းတစ်ခုချင်းစီ ခွဲပြီး သတ်မှတ်ထားခြင်းဟာ ခရီးစဉ်ကို ပိုမိုတိုတောင်းသွားစေပါတယ်။
 
၃။ ရပ်နားမယ့်နေရာများကို ကြိုတင်စီစဉ်ထားပါ
တစ်ခါတစ်လေမှာ အပြီးသတ် စီမံကိန်း မရှိပဲ ခရီးထွက်တာဟာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ ခရီးစဉ်ရဲ့  တစ်ချို့ အစိတ်အပိုင်းတွေကို သေချာစီစဉ်ထားသင့်ပါတယ်။ ဓါတ်ဆီဆိုင်နဲ့ ပတ်သက်ရင်လည်း ခရီးစဉ်တစ်လျှောက်မှာရှိတဲ့ ဘယ်မြို့မှာ ရပ်နားမယ် ဆိုတာမျိုးကို စီစဉ်ထားမှာသာ အခက်အခဲ ကင်းစွာ ခရီးဆက်နိုင်မှာပါ။
 
၎။ အပျင်းပြေစေမယ့် အရာတွေ သယ်ဆောင်လာပါ
အလွယ်ကူဆုံးနည်းလမ်းကတော့ ရယ်စရာတွေ ပြောတတ်တဲ့ သူငယ်ချင်း တစ်ယောက်ကို ခေါ်လာခဲ့ပါ။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာတော့ ကားပေါ်မှာ ရှိနေတဲ့အချိန် အပျင်းပြေဖို့အတွက် ၊ အိပ်မငိုက်စေဖို့အတွက် စကားပြောခြင်းထက် အခြား ပဟေဌိ ဆန်တဲ့ ဂိမ်းတွေကို သယ်ဆောင်လာရင်လည်း လမ်းတစ်လျှောက်လုံး တက်ကြွနေစေနိုင်မှာပါ။
 
၅။ အကောင်းဆုံး Playlist တစ်ခုကို ပြင်ဆင်ခဲ့ပါ
ခရီးစဉ် စတာနဲ့ သီချင်း တွေဖွင့်ဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် တစ်လမ်းလုံးလည်း ကားပေါ်ကလူတွေဟာ စကားပဲ ဆက်တိုက် ပြောမနေနိုင်ပါဘူး။ ဒါကြောင့် သင့်ကို ခွန်အားတွေရှိနေစေပြီး စိတ်ဝင်စားမှုတွေဖြစ်ပေါ်စေမယ့် သီချင်းတွေကို စုစည်းပြီး Playlist တစ်ခုကို ဖန်တီးထားပါ။ 
 
အဆိုတော် တစ်ယောက်ဖြစ်တဲ့ Rascal Flatts ကတော့ “ဘ၀ ဟာ အဝေးပြေးလမ်းမှာ ခရီးသွားရ တာနဲ့တူတယ်” လို့ ရေးသားသီဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် အဝေးပြေးလမ်းမှာ ခရီးသွားနေရင်းနဲ့ ဘ၀ကို ပိုမိုလှပစေဖို့ ပုံဖော်လိုက်ပါ။
 
Ref:elitedaily
 
32 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.