ဇနီးဟောင်း Amber Heard နာမည် ကို ရေးထိုးထားတဲ့ တက်တူးအား အခြား စကား လုံး အဖြစ် ပြောင်းလဲလိုက်တဲ့ Johnny Depp

image.jpg
ကမ္ဘာကျော် မင်းသား Johnny Depp နဲ့ Amber Heard တို့ရဲ့  ကွာရှင်းမှုဟာ ဟောလီးဝုဒ် သမိုင်းကြောင်းမှာ နာမည်အကြီးဆုံး လမ်းခွဲပြတ်စဲမှု တစ်ခုဖြစ်လာခဲ့ပါတယ်။ အားလုံးက စိတ်ဝင်စားနေကြတဲ့ လမ်းခွဲပြတ်စဲအပြီးမှာ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသား Johnny Depp ဟာ ဇနီးဟောင်း Amber Heard ရဲ့  နာမည်ပြောင်ဖြစ်တဲ့ “SLIM” ကို သူ့ရဲ့  လက်ဆစ်တွေမှာ တက်တူးထိုးခဲ့ရာကနေ အဲဒီနာမည် တက်တူး ကို ပြောင်းလဲ လိုက်တယ်လို့ US Weekly သတင်းဌာနက ဖော်ပြထားပါတယ်။
[[{“fid”:”17144″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
မေလ ၁၀ ရက်နေ့အထိ တော့ Johnny Depp ရဲ့  လက်ဆစ်တွေမှာ ရှိတဲ့ တက်တူးဟာ “SLIM” လို့သာ တွေ့ရပါသေးတယ်။ အခုတော့ အဲဒီတက်တူးဟာ “SCUM” လို့ ပြောင်းလဲ ရေးထိုးထားတာကို တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။
Johnny Depp ဟာ ရည်းစားဟောင်း Winona Ryder နဲ့ လမ်းခွဲခဲ့စဉ်ကလည်း “Winona Forever” လို့ ရေးသားထားတဲ့ တက်တူးကို “Wino Forever” လို့ ပြောင်းလဲခဲ့ဖူးပါတယ်။
 
အခုလို အဆက်ဟောင်း နာမည် တက်တူးတွေကို ပြောင်းလဲဖို့အတွက် စကားလုံး ရွေးချယ်မှုကိုတော့ Johnny Depp ကိုပဲ အပြစ်တင်လို့တော့ မရပါဘူး။ ဒါဟာ တက်တူး ထိုးရမယ့် အနေအထားပေါ်မှာလိုက်ပြီး အဆင်အပြေဆုံးဖြစ်မယ့် စကားလုံးကို ရွေးချယ်ရတာပဲ ဖြစ်ပါတယ်။
 
Ref:cosmopolitan
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.