ထောပတ်ဆီကို အသားရေထိန်းသိမ်းမှုအတွက် အသုံးပြုနည်း

avocado-oil-650x365.jpg

ထောပတ်သီးကို အာဟာရဓာတ်ကြွယ်ဝသော အလှအပကုထုံးတစ်ခုအဖြစ် တန်ဖိုးထားမြတ်နိုးကြပါတယ်။ အကျိုးဖြစ်စေတဲ့ အဆီ ပေါကြွယ်ဝတာကြောင့် အရေပြားမှာ တိုက်ရိုက်လမ်းပေးတဲ့အခါ အသားအရေ စိုပြေဝင်းပစေပါတယ်။

ထောပတ်ဆီအသုံးပြုခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ သိပြီးပြီလား။ ထောပတ်ဆီကို ကုန်တိုက်ကြီးတွေနဲ့ အလှကုန်ပစ္စည်းဆိုင်တချို့မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ အသုံးပြုနည်း (၄) ခုကတော့…

(၁) မျက်နှာသန့်စင်ပစ္စည်း

အညစ်အကြေးတွေ ရှင်းလင်းဖို့အတွက် အစွမ်းထက် ပစ္စည်းတစ်ခုအဖြစ် အရမ်းအသုံးတည့်ပါတယ်။ ဒီအဆီနဲ့ အရေပြားကို နှိပ်နယ်ပြီး မိနစ်အနည်းငယ် ထားရပါမယ်။ မျက်နှာကို အဝတ်စနွေးနွေးလေးတစ်ခုနဲ့ ရေငွေ့ရိုက်ပေးပါ။ ဆီတွေသုတ်ပစ်ဖို့ အဝတ်စအိအိလေးတစ်ခုခု အသုံးပြုရပါမယ်။ ရေဆေးပြီး ပုံမှန်သုံးနေကျ အလှဆီလိမ်းပေးပါ။

၂။ ခရင်မ်

မျက်နှာ သန့်စင်မှုလုပ်ပြီးနောက် မျက်လုံးအောက်နေရာကို တို့တို့ပေးပါ။ Vitamins နဲ့ antioxidants တွေကြွယ်ဝတဲ့ ထောပတ်ဆီက အရေပြားထဲ ချောကျိကျိမဖြစ်ဘဲ အလွယ်တကူစုပ်ယူပေးပါတယ်။ အဲဒါက မျက်လုံးအောက် အရေတွန့် အရေးအကြောင်းထင်ခြင်း လျှော့နည်းစေပါတယ်။

၃။ မျက်နှာလိမ်း ခပ်ပျစ်ပျစ်အရည်

အသားရေစိုပြေစေဖို့ ထောပတ်ဆီကို တခြားပစ္စည်းနဲ့ရောစပ်ပါ။ အသုံးပြုနိုင်တဲ့ ပစ္စည်းနှစ်ခုက bentonite သို့မဟုတ် နနွင်းမှုန့်ပါ။

၎။ မျက်နှာအလှဆီ

Vitamin E ကြွယ်ဝတဲ့ ထောပတ်ဆီက နေ့စဉ်သုံး အလှဆီတစ်ခုအဖြစ် အထူးကောင်းမွန်ပါတယ်။ 

Ref: Standardmedia 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.