ကိုယ့်ဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဆရာလင်္ကလာရည်ကျော်ရဲ့ ၀တ္ထုတွေမှာ ပါဝင်ရိုက်ကူးခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်းပြောပြလာတဲ့ ပိုင်ဖြိုးသု

12966775_1731792897079621_962850846_n.jpg

တည်ထားတာ ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ပန်းဒေါင်းဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ခင်နွယ်စိုးဆိုတဲ့ ပရဟိတလုပ်တဲ့ အမျိုးသမီးနေရာက ပါဝင်သရုပ်ဆောင်နေသူကတော့ ပိုင်ဖြိုးသုပါ။ အဆိုပါဇာတ်ကားကို အစကတော့ ဒါရိုက်တာ ဦးမီးပွားနဲ့ရိုက်ကူးဖို့တည်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်ကြန့်ကြာနေပြီး လက်ရှိမှာတော့ အစည်းအရုံးရဲ့ဥက္ကဌ တစ်ယောက်ဖြစ်သလို ပျိုးခင်းရဲ့ဆရာတစ်ဦးဖြစ်တဲ့ လူမင်း အန်ကယ်လေးနဲ့တွဲဖက်ရိုက်ကူးရတဲ့အတွက်အတွေ့အကြုံအများကြီးရခဲ့တယ်လို့ပြောပြလာတဲ့ ပိုင်ဖြိုးသုရဲ့ အနုပညာအကြောင်းများနဲ့ ပန်းဒေါင်းဇာတ်ကားကိုသွားရောက်ရိုက်ကူးတဲ့ အောင်ပန်းမြို့အတွေ့အကြုံများအကြောင်းကိုမေးမြန်းဖြစ်တဲ့အခါ

"ညီမတို့ဒီမှာမရိုက်ခင် အောင်ပန်းမှာသွားရိုက်ကြတယ်။ လိုကေးရှင်းက တကယ့်အသစ်တွေပြီးတော့ ခက်ခက်ခဲခဲကို သွားပြီးရိုက်ခဲ့ရတယ်။ ညီမတို့ရော ရှုတင်ကားကြီးတွေရောပေါ့။ လမ်းက ကားသွားဖို့တစ်စီးစာပဲရှိတယ်။ ဘေးကလဲချောက်ကြီးပေါ့။ မိုးတွေကရွာတောင်တွေကပြို တကယ့်ကို ခက်ခက်ခဲခဲသွားရိုက်ခဲ့ရပါတယ်။ တော်တော်လေးလဲ အမှတ်တရဖြစ်တယ်။ သွားတုန်းကခက်ခဲသလောက် အဲ့ဒီနေရာကို ရောက်သွားတဲ့အချိန်မှာအရမ်းကိုလှပါတယ်။ အောင်ပန်းမှာ ရိုက်ရမဲ့ဇာတ်ဝင်ခန်းတွေ အားလုံးပြီးသွားပါပြီ။ အခုဆင်းန်တွေက ရန်ကုန်မှာပဲပေါ့။ ဇာတ်ဝင်ခန်းတွေရိုက်ရတာလဲအဆင်ပြေတယ်။ သွားရတာ ခရီးကြမ်းတာတစ်ခုပါပဲ။ ၀တ္ထုထဲမှာက ကားလမ်းမပေါက်ဘူး။ ဆိုင်ကယ်နဲ့ပဲသွားရတာဆိုတော့ ခက်ခက်ခဲခဲလမ်းတွေကိုရှာပြီးဆိုင်ကယ်နဲ့သွားရိုက်ခဲ့ပါတယ်။ ဆိုင်ကယ်လဲစီးခဲ့ရတယ်ပေါ့။ အားလုံးတစ်ဖွဲ့လုံးသွားရိုက်ရတာဖြစ်တဲ့အတွက်ပျော်ဖို့လဲကောင်းသလိုအမှတ်တရလဲဖြစ်ပါတယ်။"လို့ သူမက ဖွင့်ဟသွားပါတယ်။

ပရဟိတဇာတ်ဝင်ခန်းများနဲ့ ပတ်သက်ပြီး ရိုက်ကူးခဲ့ပုံအကြောင်းကိုလဲ သူမက "နယ်ဖက်က လမ်းသွားလမ်းလာခက်ခဲတဲ့နေရာတွေမှာ ကျောင်းလေးတစ်ကျောင်းကိုပြင်တယ်။ ကလေးတွေကိုစာသင်ဖို့အတွက်ပေါ့။ အဲ့ဒီရွာကလေး တိုးတက်ရာတိုးတက်ကြောင်းကို လုပ်တဲ့သဘောတရားလေးကိုရိုက်ပြထားတာပါ"တဲ့။

ပန်းဒေါင်းကားကြီးအတွက်သူမရဲ့ ပြင်ဆင်ပုံတွေကတော့ "၀တ္ထုကိုစဖတ်ကတည်းက ကြိုက်တာဆိုတော့ အဲ့ဒီထဲကဇာတ်ကောင်ခင်နွယ်စိုးဖြစ်အောင်ကြိုးစားတယ်။ အဲ့ဒီဝတ္ထုထဲက ခင်နွယ်စိုးက ပရဟိတတွေအလုပ်တွေလုပ်တာ အပြင်မှာ မခင်နှင်းကြည်သာဆိုတဲ့ အစ်မကြီးရှိတယ်။ အဲ့ဒီအစ်မကြီးရဲ့ ကာရိုက်တာကို အခြေခံထားတာ ပေါ့။ သူ့ဘ၀အကြောင်းမဟုတ်ဘူး။ သူ့အထ္ထုပတ္တိ မဟုတ်ဘူး။ သူတို့လုပ်တဲ့အလုပ်နဲ့နီးစပ်တယ်။ သူတို့လုပ်တဲ့အလုပ်ပေါ်မှာအခြေခံပြီးဒီဝတ္ထုကိုရေးခဲ့တာဆိုတော့ လိုက်ပြီးလေ့လာဖြစ်တာမျိုးရှိတယ်။ ဒီကားက ညီမအန်ကယ်လေး ဒါရိုက်တာလုပ်ရိုက်တာကို ပထမဆုံးသရုပ်ဆောင်ရတဲ့ဇာတ်ကားပါ။ အန်ကယ်လေးကကိုယ့်ဆရာအရင်းပဲဆိုတော့ကားရိုက်တွေဆုံနေကြ ၊ ကြုံရင်ကြုံသလို အိုက်တင်တွေ သင်ပေးနေကြဆိုတော့ ဒါရိုက်တာအနေနဲ့ရိုက်တဲ့အခါမှာလဲ သူဘယ်လိုရိုက်တယ်ဆိုတဲ့ အတွေ့အကြုံသစ်တွေရတယ်။ ကင်မရာအယူအဆတွေလဲအများကြီးအသေးစိတ်လုပ်ထားပါတယ်။"လို ဆိုသွားတဲ့အပြင်  ဆရာလင်္ကာရည်ကျော်ရဲ့ ၀တ္ထုတွေ အရိုက်များနေခြင်းကိုလည်း သူမက "ညီမကျောင်းသူဘ၀ကတည်းက ဆရာလင်္ကာရည်ကျော်က ညီမအရမ်းကြိုက်တဲ့ စာရေးဆရာပါ။ နောက် Final Part 1 ရောက်လာတဲ့အချိန်မှာလဲ ကိုယ့်ရဲ့ဆရာဖြစ်သွားတယ်။ ကိုယ့်ဆရာဖြစ်သွားတဲ့အတွက် ဆရာ့ဝတ္ထုတွေရိုက်ရတဲ့အပေါ်မှာ ၀မ်းလဲဝမ်းသာတယ်။ ဂုဏ်လဲဂုဏ်ယူပါတယ်"တဲ့။

အချစ်ရေးနဲ့ပတ်သက်ပြီးတော့တိတ်ဆိတ်နေဆဲသူမက "အသံမထွက်တာက အချစ်ရေးနဲ့ပတ်သက်ပြီး ဘာထူးခြားမှုမှမရှိလို့ပါ။ အကယ်လို့ထူးခြားပြီဆိုရင်ပရိသတ်ကိုပြောပြမှာပါ။ မပြောမဆိုနဲ့ လက်ထပ်တာမျိုးမလုပ်ပါဘူးဓ လို့ပြောပြသွားပါတယ်။

ပိုင်ဖြိုးသုဟာ ပန်းဒေါင်းကားပြီးတာနဲ့ ခန့်စည်သူနဲ့အတူ ဗီဒီယိုကားတွေရိုက်ကူးဖို့ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.