အလိုလျောက်မောင်းနှင်စနစ်နဲ့ မောင်းနှင်နေတဲ့ Tesla ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပြီး ယာဉ်မောင်း သေဆုံး

elite-daily-tesla-car-sex.jpg
မော်တော်ကားတွေဟာ ပိုမို ခေတ်မီလာကာ နည်းစနစ်တွေမြင့်မားလာပြီး အလိုလျောက် မောင်းနှင်တဲ့ စနစ်တွေကို ပိုမို အသုံးပြုစေခဲ့ခြင်းဟာ အန္တရာယ်ရှိတဲ့ လွဲချော်မှုမျိုးဖြစ်လာနိုင်မလား ဆိုတဲ့ ကြောက်လန့်မှုတွေများစွာ ရှိခဲ့ဖူးပါတယ်။ 
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကမ္ဘာကျော် ကားကုမ္မဏီ Tesla က Blog Post တစ်ခုနဲ့ သတင်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာတော့ Tesla က ထုတ်တဲ့ Model S အမျိုးအစား ကားတစ်စီးကို အလိုလျောက်မောင်းနှင်စနစ်နဲ့ မောင်းနှင်နေခဲ့တဲ့ ယာဉ်မောင်းတစ်ဦးဟာ ယာဉ်မတော်တဆ မှုဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
ဒီအဖြစ်အပျက်ကို ဝေဖန်ရေးသမားတွေက အလိုလျောက်မောင်းနှင်စနစ်ကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရ တယ်လို့ အပြစ်တင်ကြပေမယ့် ဒီယာဉ်တိုက်မှုဟာ ကားရဲ့  ချို့ယွင်းမှု လည်း ယာဉ်မောင်းရဲ့  ပေါ့ဆမှုလားဆိုတာကို အတိအကျ မသိရှိရသေးပါဘူး။ Tesla ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “ကျွန်ုပ်တို့သိထားတာကတော့ Model S ကားဟာ အလိုလျောက်မောင်းနှစ်စနစ်ကို ဖွင့်ပြီး အဝေးပြေးလမ်းပေါ်မှာ မောင်းနှင်နေတာကို ကုန်တင်နောက်တွဲ ကားတစ်စီးက ထောင့်ဖြတ်အနေအထားနဲ့ ၀င်တိုက်တာပါ။ အလိုလျောက်မောင်းနှင်စနစ်ကရော ၊ ယာဉ်မောင်းကပါ ထောင့်ဖြတ်ဝင်လာတဲ့ကားအဖြူရောင်ကြီးကို နေရောင်တောက်ပမှုအောက်မှာ ဘယ်လိုမှ သတိမထားမိခဲ့ပါဘူး။အဲဒီတော့ ဘရိတ် သုံးဖို့လည်း အချိန်မမီ ခဲ့ပါဘူး။ ကုန်တင်ကားရဲ့  အမြင့်ဟာ လမ်းမကြီးတစ်ခုကို ကန့်လန့်ဖြတ် ရောက်ရှိသွားတဲ့ အခါမှာ Model S ကလည်း အလိုလို ကုန်တင်ကားနောက်တွဲ အောက်ရောက်သွားပါတယ်။ အဲဒီက တဆင့် ယာဉ်မောင်းကို ထိခိုက်ခဲ့တာပါ။” လို့ ရေးသားထားပါတယ်။
 
Tesla ကုမ္မဏီက ထပ်မံ ပြီး အခိုင်အမာ ဆိုထားတဲ့အရာကတော့ ဒါဟာ ပထမဆုံး အလိုလျောက် မောင်းနှင် စနစ်ဖွင့်ထားစဉ် ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုလည်းဖြစ်ပြီး ယာဉ်မောင်းတော်တော်များများဟာ အလိုလျောက်မောင်းနှင်စနစ်ကို မိုင်အရေအတွက် သန်းပေါင်း ၁၃၀ ကျော်လောက် မောင်းနှင်ပြီး သွားပြီလို့လည်း ဆိုပါတယ်။ဒါ့အပြင် Tesla က အမေရိကမှာ မိုင်းပေါင်း ၉၄ သန်းအကွာအဝေးထိ မော်တော်ကားတွေအားလုံး ခရီးသွားပြီးတဲ့အချိန်တိုင်း လူတစ်ယောက်ဟာ ယာဉ်တိုက်မှုကြောင့် သေဆုံးနေကြပါတယ်” လို့လည်း ဖော်ပြထားပြီးသူတို့ရဲ့  နည်းပညာမှာ အမှားမရှိဘူးလို့ ထွက်ဆိုနေဆဲပဲ ဖြစ်ပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.