အပေါင်းအသင်းနဲ့ အပြင်ထွက်တွေ့ဆုံမှုကို ရှောင်ဖို့အတွက် ပျမ်းမျှအားဖြင့် လူ ၈၀% လိမ်လည်ပြောဆို

in-bed.jpg

အိမ်ပြင်ထွက်ရတာ မကြိုက်သူတွေနဲ့ ကျွန်ုပ်တို့အများစုက အိမ်ပြင်မထွက်ရအောင် မုသားတွေပြောဆိုခဲ့ကြောင်း လေ့လာမှုတစ်ရပ်က တွေ့ရှိခဲ့ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၂,၀၀၀ ကို စစ်တမ်းကောက်လေ့လာမှုတစ်ခုအရ ၁၀ ယောက်မှာ ၈ ယောက်က အပြင်မထွက်ချင်တာကြောင့် လိမ်လည်ပြောဆိုခဲ့ပြီး အိမ်တွင်းပုန်းနေမှာလည်း အပြုသဘောဆောင် အကျိုးရှိတဲ့ တစ်စုံတစ်ရာမျိုးတော့ မပြုလုပ်ကြပါဘူး။

အိမ်မှာနေတဲ့အခါ အများဆုံးလုပ်ဖြစ်တာက အိပ်တာ၊ နောက်ဆက်တွဲကအနေနဲ့ အစားတွေစား၊ ရုပ်ရှင်၊ တီဗွီတွေကြည့် စတာတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေနဲ့ အချင်းချင်းအဖော်ပြုစကားပြောဆိုဆက်ဆံတာထက် TV ကြည့်ရှုရာမှာ အချိန် ၄ဆ ပိုကုန်ဆုံးစေကြပါတယ်။ ပျှမ်းမျှ တစ်နေ့ ၂.၈ နာရီ TV ရှေ့ထိုင်ပြီး စကားပြောဆိုဆက်ဆံမှု မိနစ် ၄၀ သာ ရှိကြောင်း American Time Use Survey က ဖော်ပြခဲ့ပါတယ်။

ကလေး ၆ ယောက်အောက်ရှိ မိဘတွေက ကလေးတွေနဲ့အတူ စာဖတ်၊ ကစား၊ ရေချိုးပေးခြင်းစတဲ့ အထွေထွေကလေးပြုစုစောင့်ရှောက်မှုပေးရင်း ပျှမ်းမျှ တစ်နေ့ ၂ နာရီ အချိန် ကုန်ဆုံးစေကြပါတယ်။ သာမန်အမေရိကန်တစ်ယောက်ဟာ တစ်လမှာ မိတ်ဆုံပွဲ၊ ပါတီပွဲ ၄ ခုထိ သွားကြပါတယ်။ 

Ref: Independent 

10 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.