အမာရွတ်ကင်း မှဲ့ ဖျောက်နည်း

mole-removal-e1437326767595-630x350.jpg

ဆရာဝန်ဆီ မသွားချင်တဲ့သူတွေအတွက် ရိုးရှင်းတဲ့ အိမ်တွင်းဖြစ် မှဲ့ဖယ်ရှားနည်းတစ်ခုပါ။ အမှန်တော့ လူတိုင်းနီးပါး အရေပြားပေါ် အနည်းဆုံး မှဲ့တစ်စွန်း၊ တစ်ပေါက်တော့ ရှိကြတာမို့ ဒီကိစ္စက အထူးစမ်း မဟုတ်ပါဘူး။ မှဲ့က ထိခိုက်လွယ်တဲ့ အရေပြားနေရာတွေမှာ ဖြစ်ပွားတတ်လို့ ပြသနာတစ်စုံတစ်ရာ ဖြစ်ပေါ်စေနိုင်ပါတယ်။ အလွယ်တကူလည်း ထိခိုက်နိုင်ပါတယ်။

အသက်အရွယ်ကြောင့် အရေအတွက်နဲ့ အရွယ်အစား ကြီးထွားတတ်ပါတယ်။ မှဲ့ ဖြစ်ပွားရခြင်း အကြောင်းအရင်းတော့ မသိရပါဘူး။ ကောင်းတာလေးတစ်ချက်က ဆရာဝန်ဆီသွားစရာမလိုပဲ မိမိအိမ်မှာတင် ဖယ်ရှားနိုင်ခြင်းပါပဲ။ ပစ္စည်းတစ်ခုသာ လိုအပ်ပါတယ်။ ပန်းသီးရှာလကာရည်ပါ။ သွေးထွက်သံယိုခြင်းမရှိ၊ အမာရွတ်မကျန်ဘဲ ဖယ်ရှားပေးပါလိမ့်မယ်။

ဖြစ်တဲ့နေရာကို ရေရယ်၊ ဆပ်ပြာအပျော့စားရယ်နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ မှဲ့ကို ရေနဲ့ ၁၅ မိနစ်စိမ် ဒါမှမဟုတ် သွားတိုက်သံလေးနဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးနောက် ခြောက်အောင် သုတ်ရပါမယ်။

ပန်းသီးရှာလကာရည်ထဲ ဂွမ်းလေးနစ်၊ မှဲ့ပေါ်တင်ပြီး မရွေ့အောင် ဆေးပလတ်စတာနဲ့ ကပ်ပေးပါ။ ၁၅ မိနစ်ထားပြီးနောက် ရေဆေးပါ။

ဒီနည်းအတိုင်း ၁ ရက် ၃ ကြိမ် ၁ ပတ်အထိ လုပ်ပေးရပါမယ်။ ဒါမှမဟုတ် လိုအပ်ပါက ထပ်လုပ်ပေးရပါမယ်။

မှတ်ချက်။        ။ မျက်ခွံနီးနားရှိ မှဲ့ကို လုံးဝမလုပ်သင့်ပါဘူး မျက်လုံး ကျိန်းစပ်စေနိုင်ပါတယ်။ 

Ref: FLA 

97 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.