အမျိုးသားသုတ်ရည်က အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး စိတ်ကျရောဂါ ကာကွယ်ပေးဟု ဆို

study-semen-is-good-for-womens-health-and-helps-fight-depression.jpg

အမျိုးသားသုတ်ရည်ရှိ chemicals မျိုးပေါင်းစုံတွေက စိတ်ကျန်းမာမှု၊ ချစ်ခင်ကြင်နာစိတ် ပိုမိုဖြစ်ထွန်းစေကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေ အားလုံးအတွက် သတင်းကောင်းပါပဲ။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း oral sex က အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် တကယ့်အကျိုးရှိုပြီး စိတ်ပျော်ရွှင်မှု ပိုရစေကြောင်း သုတေသီတွေက မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သုတ်ရည်မှာ စိတ်ခံစားမှု အမှန်တကယ်မြင့်တင်ပေးတဲ့ chemical တွေ၊ ချစ်ခင်ကြာနာတတ်တဲ့ စိတ်ပိုတိုးစေတဲ့ ၊ ပိုမိုကောင်းမွန်စွာ အိပ်စက်စေပြီး စိတ်ဓာတ်ကျအားငယ်မှု ခုခံတွန်းလှန်ပေးတဲ့အရာ အနည်းဆုံး ၃ မျိုးတောင်ပါဝင်ပါတယ်။

အကာအကွယ်မဲ့ ပုံမှန် ချစ်တင်းနှောတဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျအားငယ်မှု ပိုနည်းပြီး ဦးနှောက်အသိဥာဏ် စမ်းသပ်စစ်ဆေးမှုတွေမှာ ပိုမိုကောင်းမွန်တဲ့လက္ခဏာတောင် ပြသေးကြောင်း သုတေသီတွေက အခိုင်အမာ ပြောဆိုထားပါတယ်။

သုတ်ရည်မှာ ချစ်ခင်တွယ်တာမှု ပိုဖြစ်စေတဲ့ cortisol၊ စိတ်ခံစားချက် မြင့်တင်ပေးတဲ့ estrone နဲ့ စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာသုခ ပိုမိုပေးစွမ်းနိုင်တဲ့ oxytocin စတဲ့ chemicals တွေ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်ကျရောဂါခုခံကာကွယ်ပေးတဲ့ thyrotropin၊ ကောင်းမွန်စွာ အိပ်ပျော်စေတဲ့ melatonin နဲ့ အားလုံးအနက် အကောင်းဆုံး စိတ်ကျရောဂါကာကွယ်ပေးတဲ့ serotonin လည်း ပါဝင်ပါတယ်။ 

Ref: Womansvibe 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.