ညအိပ်ခါနီး စမတ်ဖုန်းသုံးလို့ “ယာယီအမြင်အာရုံကွယ်ပျောက်ခြင်း” ရောဂါကို အမျိုးသမီး ၂ ဦး ခံစားခဲ့ရ

shutterstock_348276713.jpg
ဆရာဝန်တွေဟာ ကျွန်ုပ်တို့ကို အိပ်ယာဝင်ခါနီးမှာ ဖုန်းတွေကို အသုံးမပြုဖို့နဲ့ အသုံးပြုမိရင် ကျွန်ုပ်တို့ရဲ့  အိပ်စက်မှု အပေါ် အခက်အခဲ သက်ရောက်မှုတွေဖြစ်လာစေတယ်လို့ ပြောနေတာကြာခဲ့ပြီဖြစ်ပေမယ့် အမှန်တစ်ကယ် မှာတော့ လူနည်းစုသာ နားထောင်ခဲ့ကြပါတယ်။ အခုတော့ အဲဒီအနေအထားထက် ပိုဆိုးနေပါပြီ။
 
ဆရာဝန်တွေဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး တို့ကို “ယာယီအမြင်အာရုံကွယ်ပျောက်ခြင်း”  (သို့) “စမတ်ဖုန်းအလွန်အကျွံ အသုံးပြုခြင်းကြောင့်ဖြစ်တဲ့ မျက်မမြင် ရောဂါ” ဆိုတဲ့ ရောဂါကြောင့်ကုသပေးခဲ့ရဖူးတယ်လို့ ဆိုထားပြီး အဲဒီရောဂါတွေဟာ သူတို့ရဲ့  စမတ်ဖုန်းတွေကို ညဘက်မှာ အသုံးပြုမှု လွန်ကဲခြင်းကြောင့် ဖြစ်တယ်လို့ New England Journal of Medicine မှာ ရေးသားဖော်ပြထားပါတယ်။
 
အမျိုးသမီး ၂ ဦးဟာ ခေါင်းဦးပေါ်မှာ လှဲအိပ်ရင်း အမှောင်ထဲမှာ ဖုန်းကို ကြည့်ပြီး အသုံးပြုခြင်းကြောင့် ဒီလိုရောဂါတွေဖြစ်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုအမျိုးသမီး ၂ ဦးက “ယာယီ အမြင် အာရုံ ကွယ်ပျောက်ခြင်း”  ရောဂါကို ခံစားလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့  မျက်လုံးတစ်လုံးကို ခေါင်းအုံးတွေနဲ့ ကွယ်ထားတာကြောင့် မျက်လုံးတစ်လုံးတည်းနဲ့ ဖုန်းတွေကို ကြည့်ခဲ့ရတဲ့အနေအထားပါ။ ဒါကြောင့် မျက်လုံးတစ်လုံးတည်းနဲ့ အမှောင်ထဲမှာ ဖုန်းကို ကြည့်တဲ့အခါမှာ “ယာယီ အမြင် အာရုံ ကွယ်ပျောက်ခြင်း”  ရောဂါ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
 
လူတိုင်းတော့ မျက်လုံးတစ်ဖက်တည်းနဲ့ ဖုန်းကိုကြည့်မိလို့ “ယာယီ အမြင် အာရုံ ကွယ်ပျောက်ခြင်း”  ရောဂါ ဖြစ်မသွားနိုင်ပါဘူး။ အမေရိကန် မျက်စိနဲ့အာရုံကြော အကယ်ဒမီက ဆရာဝန်တွေ တစ်ဦးကတော့ မျက်လုံး တစ်ဖက်တည်းနဲ့ ဖုန်းကိုကြည့်မိလို့ “ယာယီ အမြင် အာရုံ ကွယ်ပျောက်ခြင်း”  ရောဂါ ဖြစ်တတ်တာဟာ ရှားပါးဖြစ်စဉ်လို့ ပြောပြီး “ယာယီ အမြင် အာရုံ ကွယ်ပျောက်ခြင်း”  ရောဂါကတော့ လူအများစုမှာ ဖြစ်ပွားလေ့ ရှိတယ်လို့ ဆိုထားပါတယ်။
 
Ref:teenvogue
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.