အမျိုးသမီး တစ်ယောက်နဲ့ အကြည်စိုက်နေပြန်တဲ့ Calvin Harris

calvin-harris-instagram-split-taylor-swift.jpg
လူသိရှင်ကြားလမ်းခွဲ ပြတ်စဲ အပြီးမှာ Taylor Swift က အင်္ဂလိပ်သရုပ်ဆောင် Tom Hiddleston နဲ့ အချစ်ရေးအသစ်တစ်ခုကို လျင်မြန်စွာ ထူထောင်လိုက်တဲ့အချိန်မှာ Calvin Harris အနေနဲ့ သူ့ရဲ့  ကိုယ်ပိုင် ခံစားချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်သူကို ရှာဖို့ အခက်အခဲ မရှိတော့ပါဘူး။
 
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ စကော့တလန်နိုင်ငံသား ဒီဂျေသမား Calvin ဟာ ဇိမ်ခံရွက်လှေတစ်စီးပေါ်မှာ လုံးကြီးပေါက်လှ မိန်းမ တစ်သိုက်နဲ့ ပါတီပွဲ ကျင်းပ ပြီး ပျော်ပါးနေတာကို တွေ့ခဲ့ရပါတယ်။
ဒီတစ်ကြိမ်မှာတော့ Calvin Harris ကို Cabo မြို့မှာရှိတဲ့ El Squid Roe နိုက်ကလပ်အတွင်းမှာ စိတ်ဝင်စားဖွယ်ရာ အမျိုးသမီးတစ်ယောက်နဲ့ အကြည်စိုက်နေတာကို တွေ့ခဲ့ရပြန်ပါတယ်။
[[{“fid”:”17126″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
တ်ဝင်စားစရာ အကောင်းဆုံး အပိုင်းက Calvin Harris နဲ့ ထို အမျိုးသမီး နဲ့ အကြည်စိုက်နေချိန်မှာပဲ ကလပ်ထဲမှာ ဖွင့်ထားတဲ့သီချင်းက Calvin Harris တီးခတ်ထားပြီး Rihanna သီဆိုထားတဲ့ “We Found Love” ဆိုတဲ့ သီချင်းကို ဖွင့်လှစ်ထားတာပဲ ဖြစ်တယ်လို့ Daily Mail သတင်းဌာန ရဲ့  ဖော်ပြချက်တွေအရ သိရပါတယ်။
 
ကောလာဟလတွေက တဆင့် ထပ်မံသိလိုက်ရတာက အဲဒီ အမျိုးသမီးဟာ Harris နဲ့ သိပ်မစိမ်းပါဘူး။ Calvin Harris ဟာ သူ့ရဲ့  အသစ်ထွက်လာမယ့် သီချင်းဗီဒီယို တစ်ခုအတွက် ဗီဒီယို အပိုင်းအစ တစ်ချို့ကို ဖြန့်ချီခဲ့ရာမှာတော့ အဲဒီ အမျိုးသမီးကို Calvin Harris ရဲ့  သီချင်းဗီဒီယိုထဲမှာ သရုပ်ဆောင်တဲ့ အခြားအမျိုးသမီးတွေနဲ့ အတူ ၀င်ရောက်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.