အမေရိက မှာ လိင်ပြောင်း(Transgender) လူဦးရေ ၁.၄ သန်းအထိရှိလာ

gettyimages-543297340.jpg
အမေရိကန်ပြည်ထောင်စုမှာ လိင်ပြောင်းလဲထားတဲ့ပုဂ္ဂိလ်(Transgerder) အရေအတွက် ဟာ ၁.၄ သန်းထိရှိလာခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ရှိခဲ့တဲ့ လူဦးရေ ၇ သိန်းနဲ့ နှိုင်းယှဉ် ကြည့်တဲ့အခါမှာတော့ နှစ်ဆအထိ မြင့်တက်လာခဲ့တယ်လို့ Williams Institute ရဲ့  သတင်း တင်ပြချက်အသစ်တစ်ခုအရ သိရပါတယ်။
 
စုစုပေါင်းတွက်ချက်ကြည့်လိုက်တဲ့အခါမှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူဦးရေစုစုပေါင်းရဲ့  ၀.၆ ရာခိုင်နှုန်းဟာ လိင်ပြောင်းလဲထားတဲ့ ပုဂ္ဂိုလ်(Transgender) တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု ဒါကိုတာ(မြောက်ပိုင်း) ပြည်နယ်မှာတော့ ၀.၃ ရာခိုင်နှုန်း ၊ ဂျော်ဂျီယာ ပြည်နယ်မှာတော့ ၀.၇၅ ရာခိုင်နှုန်း ၊ ကယ်လီဖိုးနီးယားမှာတော့ ၀.၇၈ ရာခိုင်နှုန်းတို့ အသီးသီး Transgender တွေ ဖြစ်ကြတယ်လို့ The New York Times သတင်းဌာနက ဖော်ပြထားပါတယ်။
 
အခုလို Transgender အရေအတွက် များပြားလာခြင်းဟာ လူတွေအနေနဲ့ လိင်ပြောင်းလဲမှုကို လက်ခံ ပေးနိုင်စွမ်း မြင့်မားလာမှု ကြောင့်လည်း ဖြစ်သလို သူတို့ကိုယ်တိုင်က သူတို့အနေနဲ့ လိင်ပြောင်းလဲထားသူတွေပါ ဆိုတာကို ဖွင့်ဟ ၀န်ခံလာကြလို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖွင့်ဟ၀န်ခံလာကြတဲ့သူ အများစုဟာလည်း လူငယ်တွေဖြစ်ကြပြီး အသက် ၁၈ နှစ်ကနေ ၂၄ ကြားအရွယ်တွေဖြစ်ကြတယ်လို့ လည်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
 
Ref:teenvogue
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.