အင်ဒိုနီးရှားမင်းသမီး Cecilia Cheung နေအိမ်က ဒေါ်လာ ၈၀,၀၀၀ တန် လက်ဝတ်လက်စား ခိုးမှုနဲ့ အိမ်ဖော် တရားစွဲဆိုခံရ

ce.jpg

အင်ဒိုနီးရှားက အိမ်ဖော်တစ်ယောက်ဟာ မင်းသမီး Celilia Cheung ဆီက စိန်လက်စွပ်၊ လက်ကိုင်အိတ်နဲ့ တခြား ပိုင်ဆိုင်ပစ္စည်းများ ခိုးယူမှုနဲ့ ဇွန် ၂၉ ဗုဒ္ဓဟူးနေ့က တရားစွဲဆိုခံခဲ့တယ်လို့ Hong Kong သတင်းက ဖော်ပြခဲ့ပါတယ်။

အင်္ဂါနေ့မှာ အလုပ်ခန့်အပ်စာချုပ်ကုန်ဆုံးခဲ့တဲ့ အသက် ၃၀ အရွယ် Rospeni ဟာ Century Tower အလယ်လွှာလောက်မှရှိတဲ့ Cheung ရဲ့ ဇိမ်ခံနေအိမ်တိုက်ခန်းကို စွန့်ခွာထွက်သွားခဲ့ပါတယ်။ အဲဒီမင်းသမီးရဲ့ လက်ထောက်မှ သူမအထုပ်အပိုးကို ရှာဖွေစစ်ဆေးပြီးနောက် စုစုပေါင်း HK $460000 (S$80000) ဝန်းကျင်တန်ကြေးရှိ ပစ္စည်း ၁၆ ခု ခိုးယူခဲ့ကြောင်း ပေါ်လာခဲ့ကြောင်း ရှေ့နေက ဆိုပါတယ်။

လက်စွပ် ၂ ခု၊ လက်ကောက် ၄ ခု၊ လက်ကြပ် တစ်ခု၊ နားကပ် ၁ စုံ၊ စွဲကြိုး ၂ခု၊ ဖိနပ် ၃ရံနဲ့ လက်ကိုင်အိတ် ၃ခု ကို အဲဒီနေအိမ်ကနေ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ ခိုးယူခဲ့တယ်လို့ Sing Tao Daily ကဆိုပါတယ်။ ရဲတပ်ဖွဲ့ပြောဆိုချက်တစ်ခုမှာ သူမအနေနဲ့ အဲဒီပစ္စည်းတွေကို လောဘဇောတက်နေစဉ် ခိုးယူမိခဲ့ပါလို့ ပြောဆိုကြောင်း သိရပါတယ်။

အဲဒီအမှုကို ဇူလိုင် ၂၇ အထိရွေ့ဆိုင်းထားပါတယ်။ Rospeni အနေနဲ့ အာမခံလျှောက်ထားမှု မလုပ်ရသေးဘဲ အချုပ်ထဲ ခေတ္တထိန်းသိမ်းခံထားရပါတယ်။ 

Ref: Lollipop 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.