နှင်းဆီပန်းကို အကိုင်းခက်ကနေ စိုက်ပျိုးနည်း

ff16b59f-ce5c-42c5-bf8a-f5b406a40b9f.png
အမေများနေ့၊ မွေးနေ့၊ သမီးရည်းစားချိန်းတွေ့နေ့ သို့မဟုတ် အခမ်းအနားပွဲစတဲ့ အမျိုးမျိုးသော နေ့ထူးနေ့မြတ်တွေအတွက် ကျွန်ုပ်တို့ ပန်းတွေ ပေးကြ၊ လက်ခံရယူကြပါတယ်။ ပန်းနဲ့ ပတ်သက်လို့ စိတ်မကောင်းစရာက ခဏအတွင်း နွမ်းခြောက်ပြီး သေကြေပျက်စီးကြရခြင်းပါပဲ။  သို့ပေမယ့် ဒီနည်းလေး အသုံးပြုခြင်းက သင့်နှင်းဆီပန်းကို ပြန်ရှင်စေပြီး သူ့ရဲ့မွှေးကြိုင်တဲ့ရနံ့ကို ပိုမိုကြာရှည် ရရှိခံစားစေနိုင်ပါတယ်။ 
 
လိုအပ်တာတွေက… 
နှင်းဆီကိုင်းခက် 
အာလူး 
ပလတ်စတစ်ဘူးအသေး 
မြေကြီး 
ပန်းအိုး တို့ပဲဖြစ်ပါတယ်။
 
အာလူးမှာ နှင်းဆီကိုင်းခက်အရွယ် အပေါက်တစ်ခုဖောက်ပါ။ ယင်းအခက် မရွေ့မရှားတည်ငြိမ်အောင် သေချာထားရပါမယ်။  ပန်းအိုးမှာ မြေကြီး ၃ပုံ ၂ ပုံ ဖြည့်ပြီး အဲဒီထဲ အာလူးထားပါ။  ပြီးတော့ ပန်းအိုးကို အာလူးမြုပ်အောင် မြေကြီးဖြည့်ပါ။  ဘူးဖင်ကို ဖြတ်ထုတ်ပြီး အခက်ပေါ်ကနေ အုပ်ထားရပါမယ်။ ဒါက အကိုင်းခက်ကြီးထွားမှုအတွက် နွေးထွေးသာယာတဲ့ နေရာ ဖြစ်စေပါလိမ့်မယ်။ 
 
Ref:finelivingadvice
 
8 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.