ကောင်မလေးတွေကို ဆွဲဆောင်နိုင်မယ့် ရနံ့များ

shutterstock_229453057_inside_1465475154_640x640.jpg
တချို့အမွှေးနံ့တွေက မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပြီး အချစ်စိတ်ကို ဖြစ်စေတယ်လို့ ဂျာမနီနိုင်ငံက သုတေသီတွေက သက်သေပြခဲ့ကြပါတယ်။ မိန်းကလေးတွေရဲ့ အချစ်စိတ်ကို နှိုးဆွပေးပြီး ဆွဲဆောင်နိုင်တဲ့ အနံ့တွေကို စာရင်းပြုစုပြီး ဖော်ပြထားပါတယ်။
စံပယ်ပန်း – စံပယ်ပန်းမှာပါဝင်တဲ့ ဓာတ်တစ်မျိုးက လိင်စိတ်ဟော်မုန်းကို ထုတ်ပေးတဲ့ ဦးနှောက်အခြမ်းကို လှုံ့ဆော်ပေးနိုင်တဲ့အစွမ်းရှိပါတယ်တဲ့။ ကိုယ့်ကို စိတ်ဝင်စားမှုရှိစေဖို့အတွက် စံပယ်ပန်းအဆီနည်းနည်းကို ခန္ဓာကိုယ်ကို လိမ်းပေးနိုင်ပါတယ်။
သစ်ကြပိုးခေါက် – ကလီယို ပက်ထရာက မက်အန်တိုနီကို ဆွဲဆောင်ဖို့အတွက် သစ်ကြပိုးခေါက်ပါတဲ့ အမွှေးနံ့ကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ သုတေသနအရ လက်ဖက်ရည်/ကော်ဖီထဲကို သစ်ကြပိုးခေါက်အနည်းငယ်ကို ထည့်သောက်ရင် ယောက်ျားပီသတဲ့အစွမ်းကို ရစေတယ်လို့ ဆိုပါတယ်။
လာဗင်ဒါ – ချီကာဂိုက  မွှေးရနံ့ဆိုင်ရာ သုတေသီ Dr Alan R Hirsch ကလာဗင်ဒါပန်းအနံ့က မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပြီး နှစ်သက်စွဲလန်းမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ပြီး လာဗင်ဒါပန်းအနံ့က ယောက်ျားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း တက်စေပါတယ်တဲ့။
ဗနီလာ – တရုတ်ရိုးရာဓလေ့အရ ဗနီလာနံနဲ့ လိင်ဆွဲဆောင်မှုကြားမှာ ထူးခြားတဲ့ ဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။ဗနီလာရဲ့ ချိုမြိန်တဲ့ အနံ့က စိတ်ရွှင်လန်းစေပြီး စိတ်အပန်းပြေစေတယ်တဲ့။ဒါကြောင့် ဇနီးမောင်နှံနှစ်ဦး အတူတူ မအိပ်ခင်မှာဗနီလာနံ့ပါတဲ့ ဖယောင်းတိုင်ကို ထွန်းပေးတာကောင်းတယ်လို့ ဆိုပါတယ်။
စန္ဒကူးနံ့ – စန္ဒကူးနံ့က အမျိုးသား အမျိုးသမီးတို့ရဲ့ အိပ်ခန်းထဲက စွမ်းဆောင်ရည်ကို တိုးစေနိုင်ပါတယ်။ရှေးစာပေတွေမှာ စန္ဒကူးနံ့က ပြင်းထန်တဲ့ အချစ်စိတ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ စန္ဒကူးအဆီက ပီကျူထရီဂလင်းကို တက်ကြွစေပြီး အချစ်စိတ်အားကောင်းစေနိုင်ပါတယ်။
Ref:femina.in
113 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.