သွေးထဲ သကြားဓာတ်ပါဝင်မှု လျှော့နည်းစေတဲ့ အသီး

capture.png

သရက်သီးကြိုက်သူတွေအတွက် သတင်းကောင်းလေးပါ။ မကြာသေးမီ လေ့လာချက်တစ်ခုအရ အဝလွန် အရွယ်ရောက်ပြီးသူများ သရက်သီးပုံမှန်စားသုံးခြင်းက သွေးထဲ သကြားဓာတ်ပါဝင်မှုလျှော့ နည်းစေနိုင်ကြောင်း သိရပါတယ်။

သရက်သီးမှာ bio-active compounds များစွာ ပါဝင်ကြောင်း တွေ့ရလို့ သုတေသီတွေ အလွန်အံ့အားသင့်ကြပါတယ်။ ဒီဒြပ်ပေါင်းတွေထဲမှာ သွေးထဲသကြားဓာတ်ပါဝင်မှုအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှု ပေးသော အင်တီအောက်စီဒင်းတစ်ခုဖြစ်တဲ့ mangiferin တွေ ပါဝင်ပါတယ်။ နောက် သရက်သီးမှာ သွေးကြောထဲ သကြားဓာတ် စုပ်ယူမှု ပိုနည်းစေနိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။

ယင်း ၁၂ ပတ်ကြာလေ့လာမှုမှာ ပါဝင်တဲ့ စမ်းသပ်ခံသူတွေထဲ အသက် ၂၀ ကနေ ၅၀ ကြားရှိ အရွယ်ရောက်ပြီးသူ ယောက်ျားလေး ၁၁ နဲ့ မိန်းကလေး ၉ ယောက် စုစုပေါင်း အယောက် ၂၀ ပါဝင်ပါတယ်။ ပါဝင်စမ်းသပ်ခံသူတွေကို နေ့စဉ်ပုံမှန်အစားအစာ၊ ပုံမှန်လေ့ကျင့်ခန်းနဲ့ ဆေးဝါးတွေဆို ဆရာဝန်ညွန်ကြားတဲ့အတိုင်း စနစ်တကျ လိုက်နာဖို့ မှာထားပါတယ်။

လေ့လာမှု ကာလအတောအတွင်း စမ်းသပ်ခံသူတွေ ရေခဲရိုက်သရက်သီးခြောက် ၁၀ ဂရမ်ကို နေ့စဉ် စားသုံးခဲ့ကြပါတယ်။ စားသုံးမှုကို ၃ ရက်စာ မှတ်တမ်းကတဆင့် စစ်ဆေးစောင့်ကြည့်ပြီး ၆ ပတ်နဲ့ ၁၂ ပတ် သရက်သီးစားသုံးမှုကို အသေးစိတ်စစ်ဆေးလေ့လာခဲ့ပါတယ်။

ရလဒ်အဖြေတွေက သရက်သီး ၁၀ ဂရမ်ပုံမှန်စားသုံးခြင်းက အဝလွန်သူတွေမှာ သွေးထဲ အချိုဓာတ်ပါဝင်မှု လျှော့နည်းစေနိုင်ကြောင်း ဖော်ပြထားပါတယ်။ 

Ref: 1mhealthtips 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.