သင့်ကွန်ပျူတာ အင်တာနက်မြန်နှုန်းကို ဒီ app ဖြင့် စောင့်ကြည့်စစ်ဆေးနိုင်

52957430.jpg

အင်တာနက်မြန်နှုန်းကို အချိန်နဲ့တစ်ပြေးညီ လိုက်လံစစ်ဆေးနေဖို့ဆိုတာ အလုပ်ရှုပ်နိုင်ပါတယ်။ YouTube ဗွီဒီယိုတွေ ပုံမှန်ထက် နှေးကွေးကြံ့ကြာနေတဲ့အချိန်ပေါင်းများစွာ ရှိပါတယ်။ ဒါပေမယ့် ဒီလိုနှေးကွေးစေတာ အင်တာနက်ကြောင့်လား သို့မဟုတ် YouTube ပေါ်က ဆာဗာပြသနာကြောင့်လား ဆိုတာ မပြောနိုင်ပါဘူး။

ဒါတင်မကသေးပါ မယုံရတဲ့ app တချို့က ဘာ notification မှမပြဘဲ အင်တာနက်လိုင်း အသုံးပြုပြီး ကွန်ပျူတာရဲ့ upload နဲ့ download speed တွေ နှေးကွေးစေတာ သတိထားမိတဲ့ အကြိမ်ပေါင်းမနည်းပါဘူး။ ဒါပေမယ့် ဒီပြသနာ ဖြစ်ပွားစေတာ ကြားခံ app တွေသာ မဟုတ်ပါဘူး။ တခါတရံ နောက်ကွယ်မှာ update တွေ အလိုအလျောက် download လုပ်နေတာက Windows ပဲ ဖြစ်ပါတယ်။ ခုပြောမယ့် app က ဒီပြသနာတွေ ဒီဖြေရှင်းပေးသွားပါလိမ့်မယ်။ Net Meter က Windows 98 ကနေ Windows 10 အထိ Windows ဗာရှင်းအားလုံးနဲ့ တွဲဖက်သုံးနိုင်တဲ့ အခမဲ့ ဆော့လ်ဝဲလ်လေးတစ်ခု ဖြစ်ပါတယ်။

Hoo Technologies ကနေပြုလုပ်တဲ့ Net Meter က ကွန်ပျူတာပေါ် နက်ဝက်ခ်ချိတ်ဆက်မှုအားလုံးကတဆင့် network traffic ကို စောင့်ကြည့်ထောက်လှမ်းပြီး download နဲ့ upload speeds တွေကို ဂရပ်ဖ်နဲ့၎င်း၊ ကိန်းဂဏန်းနဲ့၎င်း အချိန်နဲ့အပြေးညီ ဖော်ပြပေးပါတယ်။ Bandwidth သုံးစွဲမှုပမာဏ ကျော်လွန်တဲ့အခါ အချက်ပြပေးဖို့ ချိန်ညှိုနိုင်ပါတယ်။ Net Meter ကို Start-up ကနေ တန်းပြီး မောင်းနှင်လည်ပတ်စေနိုင်ပါတယ်။ ပြီးနောက် ကွန်ပျူတာခရင်မ် ညာဘက်အောက်နားလေးမှာ icon လေးပေါ်အောင် Windows system ထဲ ထည့်သွင်းပါ။ ဒီ icon က internet speed နဲ့ update တွေကို တိုက်ရိုက် ဖော်ပြပေးပါတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.