ကိုယ်ကြိတ်ကြွေနေတဲ့ Crush က ကိုယ့်ကို ပြန်ကြွေလာအောင် လုပ်နည်း

landscape-1453491486-487456830.jpg
ကိုယ်စိတ်ဝင်စားနေတဲ့ Crush နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မဲ့နေရတဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ Psychology Today ဆိုတဲ့ စာစောင်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု အသစ်တစ်ခုအရ “သင်ဟာ သင့်ရဲ့  ကဗျာဆန်တဲ့ ကိုယ်ပိုင် ဆန္ဒတွေကို သင့်သူငယ်ချင်း တစ်ယောက်ကို မှားယွင်းစွာပြလိုက်မိတဲ့အခါမှာ သင်ဟာ အဲဒီ သူငယ်ချင်းနဲ့ ကဗျာဆန်တဲ့ ဆက်ဆံမှု တစ်ခုကို ရလိုက်ပါတယ်။ အဲဒီလိုပဲ သင်စိတ်ဝင်စားနေတဲ့ Crush ကို သင့်ရဲ့  ဆန္ဒကို ထင်ဟပ်ပြသပြီး အဲဒီ သင်ကြိတ်ကြွေနေတဲ့ သူငယ်ချင်း(Crush) နဲ့ အီစီကလီ အဆင့်ကနေ ရုပ်ပိုင်းဆိုင်ရာအရ ပိုမို နီးကပ်မှု ရှိလာပြီးတဲ့နောက် အဆက်အဆံ မပြတ် ရင်းနှီးလာလိမ့်မယ်” ဆိုတဲ့ သဘာဝ ဖြစ်စဉ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သုတေသီ Noah Wolf နဲ့ Edward LeMay တို့ စူးစမ်းဖော်ထုတ်ခဲ့တဲ့ ဒီ ဆင့်ကဲ ဖြစ်စဉ် ဟာ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာစေတဲ့ ကြိုတင်ဟောကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ ကြိုတင် ဟောကိန်းကို အောက်ပါ ယူဆချက် ၂ ခုကနေ ထုတ်ဖော်ခဲ့တယ်လို့လည်း သိရ ပါတယ်။ အဲဒီ ယူဆချက် ၂ ခုကတော့ “သင့်ရဲ့  တစ်ဖက်သတ်အချစ် အတွက် မျှော်လင့်ချက် တွေဟာ သင့်အနေနဲ့ သူငယ်ချင်းတစ်ယောက်ကို ကွဲပြားခြားနားစွာ ဆက်ဆံဖို့ဖြစ်လာစေမယ့် အချစ်တစ်ခုအဖြစ် ပြောင်းလဲပေးတယ်” ဆိုတဲ့ ယူဆချက်နဲ့ “အဲဒီသူငယ်ချင်းဟာ နောက်ပိုင်းမှာ သင်သူ့ကို ဆက်ဆံတဲ့ ပုံစံတွေအတိုင်းပဲ သူ(သို့)သူမရဲ့  အလေ့အကျင့် တွေကို ပြောင်းလဲလိုက်တယ်” ဆိုတဲ့ ယူဆချက်တွေပဲ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် သင်ကြိတ်ကြွေနေတဲ့သူငယ်ချင်း ၊ သင့်ရဲ့  Crush က သင့်ကို ပြန်ပြီး ချစ်ကြိုက်နေသလိုပဲ နေထိုင်မယ်ဆိုရင် သူတစ်ကယ် ချစ်ကြိုက်တာမဟုတ်သေးရင်တောင်မှ သူဟာ သင့်ကို ပြန်ချစ်ကြိုက်လာဖို့ အခွင့်အလမ်းများသွားစေပါတယ်။ အဓိက လိုအပ်ချက်က ယုံကြည်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့သူတွေဟာ သူတို့စိတ်ဝင်စားနေတဲ့ သူကို သူ့တို့ရဲ့  ဆန္ဒတွေကို ထင်ဟပ် ပြသလေ့မရှိပါဘူး။ နောက်ဆုံးမှာတော့ သူတို့တွေ နာကျင်လိုက်ရတာပဲ အဖတ်တင်ပါတယ်။
Ref:elitedaily
762 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.