သင့် Facebook ရဲ့  News Feed ကို သင့်စိတ်ကြိုက် ပြသစေဖို့ ဘယ်လိုလုပ်မလဲ

facebook-elite-daily.png
သင့် Facebook ရဲ့  News Feed ဟာ ကြီးမားတဲ့ ပြောင်းလဲပြင်ဆင်မှုတစ်ခု ဖန်တီးခဲ့ပါတယ်။ သင်သတိမထားမိလိုက်တာ ဖြစ်မှာပါ။  သင့်ရဲ့  Facebook Friends တွေနဲ့ သင် Like ပြုလုပ်ထားတဲ့ Page တွေရဲ့  Post တွေကို အချိန်အစီအစဉ်အရလည်ပတ်မှု(chronological order) စနစ်နဲ့ ပြသတဲ့ အယ်လ်ဂိုရီသမ် အစား သင်မြင်တွေ့နေရတာကို စိတ်ဝင်စားစေမယ့် ရှုပ်ထွေးတဲ့ အယ်လ်ဂိုရီသမ် တစ်ခုကို သင့်ရဲ့  News Feed မှာ ပြောင်းလဲပေးထားတာပဲ ဖြစ်ပါတယ်။
 
ဒါကြောင့် အခုလက်ရှိအနေအထားအရ သင့်ရဲ့  News Feed မှာ အမြဲ ပြသစေချင်တဲ့ Friends တွေနဲ့ Page တွေကို “See First” အဖြစ် သတ်မှတ်ထားမှသာ အဲဒီ Friends တွေနဲ့ Page တွေက တင်လိုက် တဲ့ Post တွေကို သင့်ရဲ့   News Feed မှာ ပြသမှာ ဖြစ်ပါတယ်။ 
 
Page တွေအတွက် Like ဆိုတဲ့ခလုတ်လေး ဘေးက ရွေးချယ်ခွင့် တွေထဲမှာ See First အဖြစ်သတ်မှတ်ထားနိုင်ပြီး Friend တစ်ယောက်အတွက်ဆိုရင်တော့ Following ဆိုတဲ့ခလုတ်လေး ဘေးက ရွေးချယ်ခွင့် တွေထဲမှာ See First အဖြစ်သတ်မှတ်ထားနိုင်ပါတယ်။ 
 
Ref:elitedaily
 
49 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.