Big Bang စတားတစ်ဦးဖြစ်သူ T.O.P ခေါင်းဆောင်ပါဝင် ရိုက်ကူးထားတဲ့ “The Commitment” ဇာတ်ကားကို U.S မှာ ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။
ဒီဇာတ်ကားဟာ ကိုရီးယားမှာ အထင်ကရ ဇာတ်ကားတစ်ကား ဖြစ်လာနိုင်ဖွယ် အလားအလာ အများကြီးရှိပြီး U.S မှာတော့ ဒီဇင်ဘာ (၆)ရက်နေ့မှာ စတင်ထုတ်လွှင့်မယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ညီမငယ်ကို အကာအကွယ်ပေးရင်းကနေ မြောက်ကိုးရီးယားရဲ့ စပိုင်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တဲ့အကြောင်းပါ။
ဒီဇာတ်ကားကို U.S ရဲ့ နာမည်ကျော် မြို့တော် (၁၀)ခုမှာ ပြသမယ်လို့ ကြော်ငြာထားပါတယ်။ ဒါတင်မကဘဲ ဇာတ်ကား ထုတ်လုပ်နေစဉ်ကာလအတွင်းမှာတင် ထိုင်ဝမ် ၊ ဂျပန် ၊ စင်္ကာပူနဲ့ အခြားနိုင်ငံတွေကနေပြီး ကြိုတင်အော်ဒါမှာထားမှုတွေကိုလည်း လက်ခံရရှိခဲ့ပါတယ်။
ကိုရီးယားပရိသတ်အနေနဲ့ ကိုရီးယားဇာတ်ကားကောင်းတစ်ကောင်း လက်မလွတ်သွားဖို့ တင်ပြပေးလိုက်ပါတယ်။
Ref:kpopstarz